ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး အလုပ်လျှောက်လွှာခေါ်ယူခြင်းအား ရက်တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးခြင်း
- Thu, 18 December 2025
၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးတွင် လစ်လပ်လျက်ရှိသော လစာနှုန်း ၁၈၀၀၀ဝိ-၂၀၀ဝိ-၁၉၀၀၀ဝိ တန်း၊ ဒုတိယလက်ထောက်ဦးစီးမှူးရာထူး (၂၄)နေရာနှင့် လက်ထောက် စုံစမ်းရေးမှူးရာထူး (၁၆)နေရာတို့အတွက် သတ်မှတ်အရည်အချင်းနှင့်ပြည့်မီသူများ လျှောက်ထားနိုင်ကြောင်းနှင့် လျှောက်ထားသူများသည် ၁၈-၁၂-၂၀၂၅ ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာများပေးပို့ရန် ၂၀-၁၁-၂၀၂၅ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာတို့တွင် ထည့်သွင်းကြေညာခဲ့ပါသည်။
၂။ လျှောက်ထားလိုသူများ ပိုမိုအဆင်ပြေနိုင်ရေးအတွက် လျှောက်လွှာများနောက်ဆုံးထား ပေးပို့ရန် မူလသတ်မှတ်ထားသည့် ၁၈-၁၂-၂၀၂၅ ရက် (အစား) ၃၁-၁၂-၂၀၂၅ ရက်အထိ လျှောက်လွှာပေးပို့ရန် ရက်ထပ်မံတိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စီမံရေးရာဦးစီးဌာန၊ ဝန်ထမ်းရေးရာဌာနခွဲ၊ ဖုန်းနံပါတ်၊ ၀၆၇-၈၁၀၃၄၈၇ သို့ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။










/001-80x80.jpg)