အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌဦးလွင်ဦးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲ ကျင်းပ
- Tue, 16 December 2025
အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က အဖွင့်အမှာစကားပြောကြားခြင်း
နေပြည်တော်၊ ဒီဇင်ဘာ ၁၆
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက် ၊ နံနက် ၁၀:၀၀ နာရီတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးလွင်ဦး နှင့် ဝန်ထမ်းများတွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲသို့ ကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းများနှင့် အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတွင် ကော်မရှင်ဉက္ကဋ္ဌ ဦးလွင်ဦးက အဖွင့်အမှာစကား ပြောကြားရာ၌ ကော်မရှင်အနေဖြင့် ၂၀၂၅ခုနှစ် အတွင်း လစ်လပ်ရာထူးများတွင် ဝန်ထမ်းများအား စနစ်တကျ ရွေးချယ်၍ အရည်အချင်းနှင့် ကိုက်ညီသည့် ရာထူးတိုးမြှင့်ခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ဝန်ထမ်းတစ်ဦးချင်းစီအနေဖြင့် အရည်အသွေး၊ အရည်အချင်း ပြည့်ဝနေစေရန်လိုကြောင်း၊ ဝန်ထမ်းသက်သာ ချောင်ချိရေးအနေဖြင့် ဝန်ထမ်းသက်သာ အရောင်းဆိုင်ရှိ အခြေခံ စားသောက်ကုန်များအား ငွေသားလက်ငင်းရောင်းချခြင်းအပြင် ဝန်ထမ်းများ၏ အခြေခံ လစာ၏ ၃၀ ရာခိုင်နှုန်းကို အကြွေးဝယ်ယူစနစ်ဖြင့် ဝယ်ယူနိုင်ရေးအတွက် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လျက်ရှိသည့် သတင်းတု၊ သတင်းမှားများကို ဝေဖန်ပိုင်းခြားပြီး ချင့်ချိန် ယုံကြည်ရန် လိုအပ်ကြောင်း၊ ၂၀၂၅ခုနှစ် ဒီဇင်ဘာလတွင် ဆောင်ရွက်မည့် ရွေးကောက်ပွဲတွင်လည်း နိုင်ငံတော်အကျိုးအတွက် ဆောင်ရွက်နိုင်မယ့် ကိုယ်စားလှယ်လောင်းများကို မှန်ကန်စွာ ရွေးချယ်ကြရန် မှာကြားလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ကော်မရှင်ရုံးအဖွဲ့နှင့် ဦးစီးဌာနများရှိ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ကော်မရှင်ဥက္ကဋ္ဌက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်ရုံးဝန်ထမ်းများ တွေ့ဆုံပွဲအခမ်းအနား
မှတ်တမ်းဓာတ်ပုံများ

အခမ်းအနားတွင် ကော်မရှင် ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခြင်း

အခမ်းအနားတွင် ဝန်ထမ်းများက ဆွေးနွေးတင်ပြခြင်း

စီမံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးလွင်အောင်က ဝန်ထမ်းများ၏ တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြန်လည်ဖြေကြားခြင်း









/001-80x80.jpg)
/Picture1-80x80.png)