အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် English Language Proficiency Course No.(1/2025) သင်တန်းဖွင့်ပွဲကျင်းပ
- Mon, 15 December 2025
အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က အဖွင့်အမှာစကားပြောကြားခြင်း
နေပြည်တော်၊ ဒီဇင်ဘာ ၁၅
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် English Language Proficiency Course No.(1/2025) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့၊ နံနက် ၀၉:၃၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ လေ့လာသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က အဖွင့်အမှာ စကားပြောကြားရာ၌ ၂၀၂၆ ခုနှစ်အတွင်းပြုလုပ်မည့် အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN-PAC) အကြီးအမှူး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို မြန်မာနိုင်ငံမှအိမ်ရှင်နိုင်ငံအဖြစ် အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေးအတွက် ရုံးအဖွဲ့လုပ်ငန်းတာဝန်နှင့် ဆက်ဆံရေးအရာရှိများ (Liaison Officers) အဖြစ်ဆောင်ရွက်ကြမည့် ကော်မရှင်ရုံး ဝန်ထမ်းများ၏ အင်္ဂလိပ်စာ စွမ်းဆောင်ရည် မြှင့်တင်ပေးရန်၊ လိုအပ်သည့် ဆက်ဆံရေးကျွမ်းကျင်မှု၊ စည်းမျဉ်း စည်းကမ်းများနှင့် အဖွဲ့ဝင် နိုင်ငံများအကြား ပူးပေါင်းညှိနှိုင်းမှုစွမ်းရည်များကို တိုးတက်စေရန်၊ ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားပြီး အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ အသုံးပြုတတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း၊ ကော်မရှင်သည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၊ အရှေ့တောင် အာရှနိုင်ငံများအသင်း (ASEAN) စသည့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံတကာ မိတ်ဖက်များနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်နေရသည့်အတွက် နိုင်ငံတကာဖြင့် ဆက်သွယ်ဆောင်ရွက်ရာတွင် အင်္ဂလိပ်ဘာသာကို ကျွမ်းကျင်စွာပြောဆိုနိုင်ရန် အရေးကြီးပါကြောင်း၊ အင်္ဂလိပ်ဘာသာရပ်သည် စဉ်ဆက်မပြတ် လေ့လာသင်ယူနေရသည့် ဘာသာရပ်ဖြစ်ပါကြောင်း၊ ဘာသာရပ်ဆိုင်ရာများကို အချိန်ပေး လာရောက်ဆွေးနွေးပို့ချပေးသည့် နည်းပြများကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
သင်တန်းကာလမှာ ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ဇန်နဝါရီလ ၉ ရက်နေ့အထိ ရက်သတ္တပတ် (၄) ပတ် ကြာမြင့်မည်ဖြစ်ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး
English Language Proficiency Course No.(1/2025) သင်တန်းဖွင့်ပွဲ အခမ်းအနား မှတ်တမ်းဓာတ်ပုံများ

အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခြင်း

စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း










