အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စုံစမ်းစစ်ဆေးရေးဆိုင်ရာ အမှုစစ်သင်တန်း (အမှုထမ်း) အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲကျင်းပ

  • Fri, 12 December 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စုံစမ်းစစ်ဆေးရေးဆိုင်ရာ အမှုစစ်သင်တန်း (အမှုထမ်း) အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲကျင်းပ


အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က သင်တန်းဆင်းအမှာစကားပြောကြားခြင်း


နေပြည်တော်၊ ဒီဇင်ဘာ ၁၂   ရက်

        အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ စုံစမ်းစစ်ဆေးရေးဆိုင်ရာ အမှုစစ်သင်တန်း (အမှုထမ်း) အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ ၁၂ ရက်နေ့၊ နံနက် ၀၉:၃၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးနှင့် ကော်မရှင် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူ (၂၀) ဦး တက်ရောက်ခဲ့ကြသည်။ 

        အခမ်းအနားတွင် ကော်မရှင်ဉက္ကဋ္ဌ ဦးလွင်ဦးက အမှာစကားပြောကြားရာ၌ သင်တန်းကာလတိုတောင်းသော်လည်း အတွေ့အကြုံရှိသည့် ပြင်ပဝန်ကြီးဌာန အဖွဲ့အစည်းများနှင့် ဌာနတွင်းနည်းပြများက စနစ်တကျ သင်ကြားပို့ချပေးခဲ့သည့်အတွက် ဝန်ထမ်းများအနေဖြင့် စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ရှောင်ကြဉ်ရမည့်အချက်၊ လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်း၊ စည်းကမ်း လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက်များကို ပိုမိုသိရှိနားလည်ပြီး စနစ်တကျ လုပ်ကိုင်ဆောင်ရွက်လာနိုင်မည်ဖြစ်ပါကြောင်း၊ စစ်ဆေးရေးမှူးကောင်းတစ်ယောက် ဖြစ်လာစေရန် လေ့လာမှု အားကောင်းမှသာ တွေးခေါ်ကြံဆမှုများ ပိုမိုကောင်းမွန်လာမည်ဖြစ်သည့်အတွက် မိမိတို့ တစ်ဦးချင်း စွမ်းဆောင်ရည် တိုးတက်ရေးအတွက် အားထုတ်ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ သင်တန်းမှ ရရှိခဲ့သည့် ဗဟုသုတ၊ အသိပညာများကို အခြေခံ၍ ဆက်လက်လေ့လာကြရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားမှုသည် မိမိတို့အဖွဲ့အစည်း၏ ဆောင်ရွက်ချက်များ အပေါ်တိုက်ရိုက် အကျိုးသက်ရောက်မှုရှိသည့်အတွက်  နိုင်ငံတော်နှင့် ပြည်သူ့အကျိုး အလေးထား အားကိုးရပြီး သစ္စာရှိသည့် ဝန်ထမ်းကောင်းများအဖြစ် ကျရာကဏ္ဍမှ ပါဝင်ဆောင်ရွက်၍  အဂတိကင်းရှင်းစွာဖြင့် တာဝန်ထမ်းဆောင်ရင်း မိမိတို့ကော်မရှင်၏ ဂုဏ်သိက္ခာကို ဆက်လက် မြှင့်တင်ပေးကြရန် မှာကြားလိုပါကြောင်း ပြောကြားခဲ့ပါသည်။

        ၎င်းနောက် ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးက သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုများရရှိခဲ့ကြသည့် သင်တန်းသား (၃) ဦး အား ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသား (၂၀) ဦး ကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး

စုံစမ်းစစ်ဆေးရေးဆိုင်ရာ အမှုစစ်သင်တန်း(အမှုထမ်း) အမှတ်စဉ်(၁/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနား

မှတ်တမ်းဓာတ်ပုံများ



အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊

ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့်သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခြင်း



ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးက ပထမဆုရရှိသည့် သင်တန်းသူ တစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း



ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးက ဒုတိယဆုရရှိသည့် သင်တန်းသူ တစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း



 ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးက တတိယဆုရရှိသည့် သင်တန်းသူ တစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း


ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးက သင်တန်းဆင်းလက်မှတ်များအား သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအား ပေးအပ်ခြင်း

ဆက်စပ် သတင်းများ