အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် Artificial Intelligence (AI) နည်းပညာဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား ကျင်းပ

  • Thu, 27 November 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်  Artificial Intelligence (AI) နည်းပညာဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား ကျင်းပ


အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးက အဖွင့်အမှာစကားပြောကြားခြင်း


နေပြည်တော်၊ နိုဝင်ဘာ ၂၇

      အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် “Applied AI for Anti-Corruption” အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင်  ကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပခဲ့ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးလွင်ဦး၊ ကော်မရှင် အဖွဲ့ဝင်များ၊ AI နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဒေါက်တာတင်ဘုန်းကျော်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊  ကော်မရှင်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။ 

     အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးက အဖွင့်အမှာစကား ပြောကြားရာ၌ ဝန်ထမ်းများကို လျင်မြန်စွာတိုးတက်နေသည့် မျက်မှောက်ခေတ်တွင် AI ဘာသာရပ်ကို သိရှိစေရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများတွင် ပြန်လည်အသုံးချပြီး အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါကြောင်း၊ (AI)  နည်းပညာသည် လူသားများ၏ ဘဝနေထိုင်မှု ပုံစံအတွက် အရေးပါသည့် အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပြီး AI Application များကို ကဏ္ဍစုံတွင် အသုံးပြုနေသည်ကို တွေ့ရှိရမှာ ဖြစ်ပါကြောင်း၊ ထို့အပြင် AI နည်းပညာကို တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ၊ တရားစီရင်ရေးကဏ္ဍများတွင်လည်း အသုံးပြုလာကြသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ AI နည်းပညာကို အသုံးပြုပြီး အဂတိလိုက်စားမှု ဖြစ်နိုင်ခြေရှိသည့် ပုံစံများနှင့် မူမမှန်မှုများကို Big Data များမှတစ်ဆင့် ရှာဖွေဖော်ထုတ်ခြင်း၊ ကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးခြင်း တို့ကို ဆောင်ရွက်နိုင်ပါကြောင်း၊ စုံစမ်းစစ်ဆေးမှုများတွင်လည်း AI နည်းပညာအသုံးပြု၍ သံသယဖြစ်ဖွယ် မှုခင်းများကို တွေ့ရှိသည့်အခါ စုံစမ်းစစ်ဆေးမှုပုံစံများကို အကြံဉာဏ်ရယူနိုင်ခြင်း၊ အရေးကြီးသော အချက်အလက်များကို လျင်မြန်စွာ စုစည်းပေးနိုင်ခြင်းတို့ကြောင့် အချိန်နှင့်အရင်းအမြစ်များကို သက်သာစေပါကြောင်း၊ AI သည် လူသားတို့၏ဘဝကို အထောက်အကူပြုနိုင်သည့်နည်းပညာ တစ်ခုဖြစ်သကဲ့သို့ ဆိုးကျိုးများကိုလည်း အထူးသတိပြုရန် လိုအပ်ပါကြောင်း၊ AI နည်းပညာကို လုပ်ငန်းခွင်၌ လက်တွေ့ အသုံးချနိုင်ရန်အတွက် သေချာစွာလေ့လာ အသုံးချသင့်ပါကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

        ယင်းနောက် AI နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဒေါက်တာတင်ဘုန်းကျော်က “Applied AI for Anti-Corruption” ခေါင်းစဉ်ဖြင့် အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ရာ အခမ်းအနား တက်ရောက်လာကြသည့် ကော်မရှင်ရုံးဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး “Applied AI for Anti-Corruption” ခေါင်းစဉ်နှင့်စပ်လျဉ်း၍

အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား မှတ်တမ်းဓာတ်ပုံများ



အမျိုးသားဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမှ ဒေါက်တာတင်ဘုန်းကျော်က

“Applied AI for Anti-Corruption” ခေါင်းစဉ်နှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်း



အခမ်းအနားသို့ တက်ရောက်လာသည့် စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်ဝင်းက

သိရှိလိုသည်များ မေးမြန်းခြင်း



သိရှိလိုသည့်မေးခွန်းများနှင့်စပ်လျဉ်း၍ ဒေါက်တာတင်ဘုန်းကျော်က ပြန်လည်ဖြေကြားခြင်း



ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးက အမျိုးသားဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမှ ဒေါက်တာတင်ဘုန်းကျော်အား

ကော်မရှင်အမှတ်တံဆိပ်ပါ လက်ဆောင်ပစ္စည်းပေးအပ်ခြင်း


အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း

ဆက်စပ် သတင်းများ