အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့်ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ “အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် ကျင့်ဝတ်အရေးပါပုံနှင့် နိုင်ငံ့သားကောင်း လူငယ်တို့၏အခန်းကဏ္ဍ” လူငယ်စကားဝိုင်းကျင်းပ
- Mon, 24 November 2025
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားခြင်း
နေပြည်တော်၊အောက်တိုဘာ ၂၄
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် “အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် ကျင့်ဝတ်အရေးပါပုံနှင့် နိုင်ငံ့သားကောင်း လူငယ်တို့၏ အခန်းကဏ္ဍ” လူငယ်စကားဝိုင်းကို ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် နေပြည်တော်ရှိ စိုးစံ ကိုယ်ပိုင်အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စိုးစံ ကိုယ်ပိုင်အထက်တန်း ကျောင်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၂၅၀) ဦး တက်ရောက်ခဲ့ကြသည်။
အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦး က အမှာစကားပြောကြားရာ၌ ကျောင်းသားလူငယ်များ ဦးဆောင်ပါဝင်သည့် လူငယ်စကားဝိုင်းများ ဆောင်ရွက်ပေးခြင်းကြောင့် လူငယ်များအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် အသိအမြင်၊ ဗဟုသုတများရရှိစေခြင်း၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်းတည်ဆောက်ရာ၌ ကျောင်းသားလူငယ်တို့၏အခန်းကဏ္ဍ ပါဝင်လာစေခြင်း၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းလာစေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေရန် ရည်ရွယ်ပါကြောင်း၊ လူငယ်များကို ငယ်စဉ်ကပင် စည်းကမ်းရှိခြင်း၊ တာဝန်ယူမှုရှိခြင်း၊ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းနှင့် လူမှုကျင့်ဝတ်များကို လေးစားလိုက်နာခြင်းစသည့် အလေ့အကျင့်ကောင်းများကို လိုက်နာကျင့်သုံးတတ်စေရန် စာသင်ကျောင်းများမှစ၍ လေ့ကျင့်ပျိုးထောင်ပေးရမည် ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် အမှား၊ အမှန် ခွဲခြားသိမြင်ပြီး ဖြောင့်မတ်တည်ကြည်မှုရှိစွာ ပြုမှုဆာင်ရွက်ကြရန် တိုက်တွန်းမှာကြား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ “အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် ကျင့်ဝတ်အရေးပါပုံနှင့် နိုင်ငံ့သားကောင်း လူငယ်တို့၏အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး စိုးစံ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့၏ သိရှိလိုသည်များကို မေးမြန်းရာ Speaker များအဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများက ရင်းနှီးပွင့်လင်းစွာ ပြန်လည် ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦး က စိုးစံ ကိုယ်ပိုင်အထက်တန်းကျောင်း CEO ထံ ကော်မရှင် အမှတ်တံဆိပ်ပါ အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ပြီး CEO က ကျေးဇူးတင်စကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
စိုးစံကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပသည့် "အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် ကျင့်ဝတ်အရေးပါပုံနှင့် နိုင်ငံ့သားကောင်းလူငယ်တို့၏ အခန်းကဏ္ဍ" လူငယ်စကားဝိုင်းဆွေးနွေးပွဲ မှတ်တမ်းဓာတ်ပုံများ

စိုးစံကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက "အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် ကျင့်ဝတ်အရေးပါပုံနှင့် နိုင်ငံ့သားကောင်းလူငယ်တို့၏ အခန်းကဏ္ဍ" လူငယ်စကားဝိုင်း စတင်ဆွေးနွေးခြင်း

လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကျောင်းသားတစ်ဦးက သိရှိလိုသည်များ မေးမြန်းခြင်း

သိရှိလိုသည့်မေးခွန်းများနှင့် စပ်လျဉ်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသည့် ကျောင်းသားတစ်ဦးက ပြန်လည်ဖြေကြားခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦးက ကော်မရှင်အမှတ်တံဆိပ်ပါ လက်ဆောင်ပစ္စည်းများကို ကျောင်းအုပ်ဆရာကြီးအား ပေးအပ်ခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့် က ကော်မရှင်အမှတ်တံဆိပ်ပါ လက်ဆောင်ပစ္စည်းမျာကို လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသည့် ကျောင်းသား/ကျောင်းသူများအား ပေးအပ်ခြင်း

စိုးစံကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးက ကျေးဇူးတင်စကားပြောကြားခြင်း

ကော်မရှင်အဖွဲ့ဝင်၊ ကော်မရှင်ရုံးဝန်ထမ်းများ၊ စိုးစံကိုယ်ပိုင်အထပ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး၊ ကျောင်းဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက နိုင်ငံတကာအဆိုအမိန့်များ၊ ပန်းချီ နှင့် ပိုစတာများအား ကြည့်ရှုလေ့လာခြင်း


/1-80x80.jpg)

/1-80x80.jpg)

/001-80x80.jpg)


/1-80x80.jpg)
/1-80x80.jpg)
/1-80x80.jpg)