အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့်ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ “အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ” လူငယ်စကားဝိုင်းကျင်းပ

  • Fri, 21 November 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့်ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ “အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ” လူငယ်စကားဝိုင်းကျင်းပ


Wisdom Hill ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက "အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ" လူငယ်စကားဝိုင်း စတင်ဆွေးနွေးခြင်း 



နေပြည်တော်၊ နိုဝင်ဘာ ၂၁ 


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှုကို လက်သင့်မခံသည့် ဖြောင့်မတ်တည်ကြည်မှုရှိသည့် အသိုက်အဝန်းကို တည်ဆောက်နိုင်ရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် လူငယ်များ၏ အခန်းကဏ္ဍကိုမြှင့်တင်ရန် ရည်ရွယ်၍ “အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏ အခန်းကဏ္ဍ” လူငယ်စကားဝိုင်းများကို ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ၂၁-၁၁-၂၀၂၅ ရက်နေ့တွင် နေပြည်တော်ရှိ Wisdom Hill ကိုယ်ပိုင် အထက်တန်းကျောင်း၌ ကျောင်းသားလူငယ်များ ဦးဆောင်သည့် စကားဝိုင်းကို ကျင်းပခဲ့သည်။

         အဆိုပါစကားဝိုင်းတွင် အဂတိလိုက်စားမှု၏အဓိပ္ပါယ်၊ သဘောသဘာဝနှင့် ဆိုးကျိုး သက်ရောက်မှုများနှင့် စပ်လျဉ်း၍  ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးခဲ့ကြပြီး တက်ရောက် လာသည့်  ကျောင်းသား၊ ကျောင်းသူများ၏ မေးခွန်းများကို ပြန်လည် ဖြေကြားခဲ့ပါသည်။ 

  အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ Wisdom Hill ကိုယ်ပိုင်အထက်တန်းကျောင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။



Wisdom Hill ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပသည့် "အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ" လူငယ်စကားဝိုင်းဆွေးနွေးပွဲ မှတ်တမ်းဓာတ်ပုံများ



လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကျောင်းသူတစ်ဦးက သိရှိလိုသည်များ မေးမြန်းခြင်း



သိရှိလိုသည့်မေးခွန်းများနှင့် စပ်လျဉ်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသည့် ကျောင်းသူတစ်ဦးက ပြန်လည်ဖြေကြားခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထက်က ကော်မရှင်အမှတ်တံဆိပ်ပါ လက်ဆောင်ပစ္စည်းများကို ကျောင်းအုပ်ဆရာမကြီးအား ပေးအပ်ခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထက်က ကော်မရှင်အမှတ်တံဆိပ်ပါ လက်ဆောင်ပစ္စည်းမျာကို လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသည့် ကျောင်းသား/ကျောင်းသူများအား ပေးအပ်ခြင်း



Wisdom Hill ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီ က ကျေးဇူးတင်စကားပြောကြားခြင်း


ကော်မရှင်ရုံး၊ ဝန်ထမ်းများက ကော်မရှင်အမှတ်တံဆိပ်ပါ key Chain များကို လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများအား ပေးအပ်ခြင်း


ဆက်စပ် သတင်းများ