အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး “ဝန်ထမ်းသက်သာအရောင်းဆိုင်” ဖွင့်ပွဲကျင်းပ

  • Tue, 18 November 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး “ဝန်ထမ်းသက်သာအရောင်းဆိုင်”  ဖွင့်ပွဲကျင်းပ


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က အဖွင့်အမှာစကားပြောကြားခြင်း



နေပြည်တော်၊ နိုဝင်ဘာ ၁၈


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး “ဝန်ထမ်းသက်သာအရောင်းဆိုင်” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးလွင်ဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကော်မရှင်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။ 

        အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးက အဖွင့်အမှာစကားပြောကြားရာ၌  ဝန်ထမ်းများ လုပ်ငန်းခွင် သာယာပျော်ရွှင်ပြီး ပေးအပ်သည့်တာဝန်များကို တက်ကြွစွာ ဆောင်ရွက်နိုင်စေရန်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်၍ ဝန်ထမ်းသက်သာအရောင်းဆိုင် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းသက်သာ အရောင်းဆိုင်ကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ရုံးဝန်ထမ်းများအားလုံး အခြေခံစားသောက်ကုန်များကို  စိမ်းချမ်းမြေ့လွယ်ကူ အဆင်ပြေစွာ ပြင်ပဈေးနှုန်းထက် သက်သာသောနှုန်းထားဖြင့် ဝယ်ယူနိုင်စေရန် ရည်ရွယ်ကြောင်း၊ အခြေခံစားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို အမျိုးအစားစုံလင်စွာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊  သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန လက်အောက်ရှိ သမဝါယမဦးစီးဌာနမှ  လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်များနှင့် ရက်ကန်းထည်များကို အပ်ကုန်စနစ်ဖြင့် မှာယူ၍ ဝန်ထမ်းများ ဈေးနှုန်းချိုသာစွာ ဝယ်ယူသုံးစွဲနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း၊ အချိန်အတွယ် မှန်ကန်စွာ ရောင်းချပေးနိုင်ရေးနှင့် ရောင်းချပစ္စည်းများ ပြတ်လပ်မှု မရှိစေရေးတို့ကိုလည်း  အထူးဂရုစိုက်ကြရန် လိုအပ်ကြောင်း မှာကြားခဲ့ပါသည်။ 

        ဆက်လက်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က “ဝန်ထမ်းသက်သာအရောင်းဆိုင်” အား ဝန်ထမ်းများအတွက် တစ်ဖက်တစ်လမ်းမှ သက်သာစေရန် ရည်ရွယ်၍ စီမံဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဝင်ငွေ၊ ထွက်ငွေ မျှတစွာ သုံးစွဲကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

         ၎င်းနောက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးတို့က “ဝန်ထမ်းသက်သာအရောင်းဆိုင်”အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကုန်ပစ္စည်းများ ခင်းကျင်းထားရှိမှု အခြေအနေအား ကြည့်ရှုခဲ့ပါသည်။



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဝန်ထမ်းသက်သာအရောင်းဆိုင်ဖွင့်ပွဲ အခမ်းအနား မှတ်တမ်းဓာတ်ပုံများ





သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ဝန်ထမ်းသက်သာအရောင်းဆိုင် ဖွင့်လှစ်နိုင်ခြင်းအတွက် အမှာစကားပြောကြားခြင်း




အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးတို့က ဝန်ထမ်းသက်သာအရောင်းဆိုင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးတို့က ဝန်ထမ်းသက်သာအရောင်းဆိုင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း



စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း


ဝန်ထမ်းသက်သာအရောင်းဆိုင်အတွင်း လှည့်လည်ကြည့်ရှုခြင်း


ဆက်စပ် သတင်းများ