အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့်ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ “လူငယ်နှင့်ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်းကျင်းပ

  • Mon, 10 November 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့်ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ “လူငယ်နှင့်ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်းကျင်းပ


အခမ်းအနားတွင် ကော်မရှင်ရုံးခွဲ (ရန်ကုန်)မှ ညွှန်ကြားရေးမှူး ဒေါ်မြတ်ဆုသင်း က အဖွင့်အမှာစကားပြောကြားခြင်း


နေပြည်တော်၊ နိုဝင်ဘာ ၁၀


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှုကိုလက်သင့်မခံသည့် ဖြောင့်မတ်တည်ကြည်မှုရှိသည့်အသိုက်အဝန်းကို တည်ဆောက်နိုင်ရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များ၏အခန်းကဏ္ဍကို မြှင့်တင်ရန် ရည်ရွယ်၍ “လူငယ်နှင့် ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်းများကို ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသားလူငယ်များ ဦးဆောင်သည့် စကားဝိုင်းကို ကျင်းပခဲ့သည်။

          အဆိုပါစကားဝိုင်းတွင် ကျင့်ဝတ်နှင့်ညီသည့် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လာရန်အတွက် ငယ်စဉ်ကတည်းက ဖြောင့်မတ်တည်ကြည်မှုကိုအခြေပြုရန် လိုအပ်မှုများနှင့် စပ်လျဉ်း၍ ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများ၏ မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ပါသည်။

  အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ကော်မရှင်ရုံးခွဲ (ရန်ကုန်)မှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။



ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌  ကျင်းပသည့် “လူငယ်နှင့် ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်း အခမ်းအနားမှတ်တမ်းဓာတ်ပုံများ


အခမ်းအနားတွင် ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခြင်း

ဆက်စပ် သတင်းများ