အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN-PAC) ၏ (၂၁) ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးသို့ ပါဝင်တက်ရောက်ခြင်း
- Fri, 31 October 2025
နေပြည်တော်၊ အောက်တိုဘာလ ၃၁
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးလွင်ဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ Chief Commissioner ဖြစ်သူ Tan Sri Dato’ Sri Hj. Azam Baki ၏ ဖိတ်ကြားချက်အရ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပပြုလုပ်သည့် အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN-PAC) ၏ (၂၁) ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြပါသည်။
အာဆီယံဒေသတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးအေဂျင်စီများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN Parties Against Corruption_ ASEAN-PAC) ၏ (၂၁) ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေး၏ ပထမနေ့ဖြစ်သည့် ၂၈-၁၀-၂၀၂၅ ရက်နေ့တွင် သဘာပတိအဖြစ် မလေးရှားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (MACC) ၏ Chief Commissioner H.E. Tan Sri Dato’ Sri Hj. Azam Baki က ဆောင်ရွက်ပြီး ယခင်နှစ်က ကျင်းပခဲ့သည့် (၂၀) ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေးမှတ်တမ်းကို အတည်ပြုခြင်း၊ ယခင်နှစ်က အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံ KPK မှ General Commissioner က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအထိ ASEAN-PAC ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်များအား တင်ပြဆွေးနွေးခြင်း၊ အဖွဲ့ဝင်နိုင်ငံ အသီးသီးအနေဖြင့် ၂၀၂၃-၂၀၂၅ ခုနှစ်အတွက် ASEAN-PAC လုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်ဆောင်မှု အခြေအနေများအား တင်ပြဆွေးနွေးခြင်း၊ ၂၀၂၆-၂၀၂၈ ခုနှစ်အတွက် ASEAN-PAC လုပ်ငန်းအစီအစဉ်များကို ပြန်လည်ပြင်ဆင်ခြင်းနှင့် အတည်ပြုခြင်း၊ နိုင်ငံအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။
အဖွဲ့ဝင်နိုင်ငံများအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဆွေးနွေးရာတွင် အဂတိလိုက်စားမှု၏ အများပြည်သူအပေါ် ဆိုးကျိုးသက်ရောက်မှု အခြေအနေများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု (Public-Private Partnership) ၏ အရေးပါမှုများ၊ မြန်မာနိုင်ငံတွင် ချမှတ်ဆောင်ရွက်လျက်ရှိသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ်များ၊ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၏ အာဏာသက်ရောက်မှုများ၊ ကော်မရှင်မှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန် (၃) ရပ်နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ ကော်မရှင်၏ ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ အဂတိလိုက်စားမှုကျူးလွန်သူများ အပေါ် အရေးယူထားရှိမှု အခြေအနေများ၊ ကော်မရှင်၏ ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း (United Nations Convention Against Corruption – UNCAC) အပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများသို့ ဝင်ရောက်ထားရှိမှု အခြေအနေများ၊ အခြားသော မိတ်ဖက်အဖွဲ့အစည်းများနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားရှိမှု အခြေအနေများ၊ အဂတိလိုက်စားမှု ကြိုတင်တားဆီးကာကွယ်ရေး အစီအမံများ၊ ဥပဒေမူဘောင်ခိုင်မာရေး ကြိုးပမ်းဆောင်ရွက်မှုများနှင့် အများပြည်သူ ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုတို့ကို အလေးထား ဆွေးနွေးပြောကြားခဲ့ပါသည်။ ညနေပိုင်းတွင် မလေးရှားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (Malaysian Anti-Corruption Comission _MACC) ၏ Chief Commissioner မှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ပါဝင်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေး ဒုတိယနေ့ဖြစ်သည့် ၂၉-၁၀-၂၀၂၅ ရက်နေ့တွင် ASEAN-PAC Portal နှင့်စပ်လျဉ်း၍ မလေးရှားနိုင်ငံ MACC မှ ဆွေးနွေးတင်ပြခြင်း၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများမှ ၎င်းတို့၏ အာဆီယံဒေသအတွင်းရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်မှုများကို ဆွေးနွေးတင်ပြခြင်းတို့ဆောင်ရွက်ခဲ့ပြီး လာမည့်နှစ်အတွက် ASEAN-PAC ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဆွေးနွေးရာတွင် ၂၀၂၆ ခုနှစ်၌ မြန်မာနိုင်ငံအနေဖြင့် ASEAN-PAC ၏ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ဂုဏ်ယူမိပါကြောင်း၊ အကြီးအမှူးများ အစည်းအဝေးကို မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သည့် နေပြည်တော်တွင် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၄ နှင့် ၅ ရက်နေ့များတွင် ကျင်းပရန် စီစဉ်ထားပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအား မြန်မာနိုင်ငံသို့ နောက်တစ်ကြိမ် ပြန်လည်ကြိုဆိုခွင့် ရရှိသည့်အတွက် ဝမ်းမြောက်မိပါကြောင်းနှင့် ASEAN-PAC အား ပိုမိုခိုင်မာအားကောင်းသော အဖွဲ့အစည်းတစ်ခု ဖြစ်ပေါ်လာစေရန် အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက် မလေးရှားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (MACC) ၏ Chief Commissioner H.E. Tan Sri Dato’ Sri Hj. Azam Baki က နိဂုံးချုပ်စကားပြောကြားခဲ့ပြီး ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးက ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလတွင် အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ အကြီးအမှူးများ အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် အဆင်သင့်ဖြစ်နေပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၆ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ မဟုတ်သော်လည်း အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့ဝင်နိုင်ငံအားလုံးက မြန်မာနိုင်ငံအား အလှည့်ကျဥက္ကဋ္ဌအဖြစ်နှင့် အိမ်ရှင်အဖြစ် လက်ခံကျင်းပရေးနှင့်စပ်လျဥ်း၍ တညီတညွတ်တည်း လက်ခံသဘောတူမှုအတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် မြန်မာနိုင်ငံ နေပြည်တော်၌ ပြန်လည်တွေ့ဆုံနိုင်ရန် မျှော်လင့်ပါကြောင်း အပိတ်အမှာ စကားပြောကြားခဲ့ပါသည်။ နေ့လယ်ပိုင်းတွင် သီးခြားအစီအစဉ်အဖြစ် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ ယဥ်ကျေးမှုပြပွဲသို့ ကော်မရှင်က ပါဝင်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေး တတိယနေ့ဖြစ်သည့် ၃၀-၁၀-၂၀၂၅ ရက်နေ့တွင် “ကဏ္ဍပေါင်းစုံ ပါဝင်သော အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာများအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့ပြီး နေ့လယ်ပိုင်းတွင် မလေးရှားနိုင်ငံ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ပို့ဆောင်သော လေ့လာရေးခရီးစဉ်သို့ သွားရောက်ခဲ့ပါသည်။ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ သည် ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ အကြီးအမှူးများ၊ ကိုယ်စားလှယ်များနှင့် နှစ်နိုင်ငံချင်း သီးခြားတွေ့ဆုံခဲ့ပြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးလွင်ဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၃၁-၁၀-၂၀၂၅ ရက်နေ့ နေ့လယ်ပိုင်းတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့ရာ ၃၁-၁၀-၂၀၂၅ ရက်နေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြပါသည်။
မလေးရှားနိုင်ငံ၊
ကွာလာလမ်ပူမြို့၌ ကျင်းပပြုလုပ်သည့် အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့(ASEAN-PAC)၏
(၂၁)ကြိမ်မြောက် အကြီးအမှူးများ အစည်းအဝေး မှတ်တမ်းဓာတ်ပုံများ
/2.jpg)
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးက
အာဆီယံအဖွဲ့ဝင်နိုင်ငံများအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း
/3.jpg)
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးက "ကဏ္ဍပေါင်းစုံပါဝင်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာများအတွက် အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု" ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲသို့ တက်ရောက်ခြင်း
/4.jpg)
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးက အာဆီယံအဖွဲ့ဝင်နိုင်ငံများအလိုက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ ကိုယ်စားလှယ်များနှင့် သီးခြားတွေ့ဆုံးခြင်း
/5.jpg)
အမှတ်တရလက်ဆောင် အပြန်အလှန်ပေးအပ်ခြင်း
/6.jpg)
စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်း
/7.jpg)
စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်း
/8.jpg)
စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်း
/9.jpg)
စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်း
/10.jpg)
စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်း
/11.jpg)
စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခြင်း





/1-80x80.jpg)


/01-80x80.jpg)

