အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် “အများပြည်သူဆိုင်ရာဝယ်ယူရေးလုပ်ငန်းများတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပြဋ္ဌာန်းချက်များအား လေးစားလိုက်နာခြင်း” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ” ဗီဒီယိုကွန်ဖရင့်ဖြင့်ကျင်းပ

  • Thu, 30 October 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် “အများပြည်သူဆိုင်ရာဝယ်ယူရေးလုပ်ငန်းများတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပြဋ္ဌာန်းချက်များအား လေးစားလိုက်နာခြင်း” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ” ဗီဒီယိုကွန်ဖရင့်ဖြင့်ကျင်းပ


ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးမှ ကိုယ်စားလှယ်က အဖွင့်အမှာစကားပြောကြားခြင်း



နေပြည်တော်၊ အောက်တိုဘာ ၃၀


    မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးတို့အကြား ၂၀၂၄-၂၀၂၆ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ကျင်းပပြုလုပ်သည့် “အများပြည်သူဆိုင်ရာဝယ်ယူရေးလုပ်ငန်းများတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပြဋ္ဌာန်းချက်များအား လေးစားလိုက်နာခြင်း” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ယနေ့မြန်မာစံတော်ချိန် ၁၃:၀၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်ရုံး၊ အမြဲတမ်းအတွင်းဝန် ဦးထိန်လင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်းများ တက်ရောက်ခဲ့ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးနှင့် မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိပုဂ္ဂိုလ်များက အဖွင့်အမှာစကား ပြောကြားခဲ့ကာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များက “အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးစီမံကိန်းများနှင့် အခမ်းအနားများ (အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ဖိုရမ်များ) တွင် အာဏာပိုင်ရှေ့နေများ၏ ပါဝင်ဆောင်ရွက်မှု”၊ “အများပြည်သူဆိုင်ရာ ဝယ်ယူရေးလုပ်ငန်းများတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ လိုက်နာမှုအပေါ် အစိုးရရှေ့နေ၏ ကြီးကြပ်မှုဆိုင်ရာ ဆောင်ရွက်မှုများ”၊ “ရုရှားဖက်ဒရေးရှင်းနိုင်ငံ ၊ရှေ့နေချုပ်ရုံး၏ လုပ်ငန်းဆောင်ရွက်မှုများတွင် ခေတ်မီနည်းပညာများအသုံးပြုမှု” ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိပုဂ္ဂိုလ်များက “အများပြည်သူဆိုင်ရာ ဝယ်ယူရေးလုပ်ငန်းများတွင်ဖြစ်ပွားသည့် အဂတိလိုက်စားမှုများကို  အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများ”၊ “အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး လှုပ်ရှားမှုများနှင့် အခမ်းအနားများ (အစည်းအဝေးများ ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ ဖိုရမ်များ) တွင် ပူးပေါင်းပါဝင်ဆောင်ရွက်မှု” ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပါသည်။ ၎င်းနောက် သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ပါသည်။ 



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးတို့ ပူးပေါင်းကျင်းပသည့် "အများပြည်သူဆိုင်ရာ ဝယ်ယူရေးလုပ်ငန်းများတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပြဋ္ဌာန်းချက်များအား လေးစားလိုက်နာခြင်း" ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနား မှတ်တမ်းဓာတ်ပုံများ


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ အမြဲတမ်းအတွင်းဝန် ဦးထိန်လင်းက အမှာစကားပြောကြားခြင်း



အခမ်းအနားတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ်ရုံး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဉပဒေများ လိုက်နာမှုကြီးကြပ်ရေးဌာန ၏ ဒုတိယအကြီးအကဲ စီမံခန့်ခွဲရေးနှင့် သုံးသပ်ရေးဌာနခွဲ၏ အကြီးအကဲ မစ္စတာ Aslan Shikhzdaevich Yusufov က " အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးစီမံကိန်းများနှင့် အခမ်းအနားများ  ( အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ဖိုရမ်များ) တွင် အာဏာပိုင် ရှေ့နေများ၏ ပါဝင်တက်ရောက်ဆောင်ရွက်မှု" ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခြင်း



မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်ဝင်းက "အများပြည်သူဆိုင်ရာ ဝယ်ယူရေးလုပ်ငန်းများတွင် ဖြစ်ပွားသည့် အဂတိလိုက်စားမှုကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများ" ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခြင်း



ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးမှ ရှေ့နေ မစ္စတာ Artem Dmitrievich Gorelov က အများပြည်သူဆိုင်ရာ ဝယ်ယူရေးလုပ်ငန်းများတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ လိုက်နာမှုအပေါ် အစိုးရရှေ့နေ၏ ကြီးကြပ်မှုဆိုင်ရာ ဆောင်ရွက်မှုများ ခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်း



မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာန၊ တားဆီးကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်းက "အများပြည်သူဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလှုပ်ရှားမှုများနှင့် အခမ်းအနားများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်မှုခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခြင်း

ဆက်စပ် သတင်းများ