အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် “ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ခြင်းဖြင့် အဂတိလိုက်စားမှုကို ခုခံတိုက်ဖျက်ခြင်း စာတမ်းဖတ်ပွဲ” ကျင်းပ

  • Fri, 17 October 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် “ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ခြင်းဖြင့် အဂတိလိုက်စားမှုကို ခုခံတိုက်ဖျက်ခြင်း စာတမ်းဖတ်ပွဲ” ကျင်းပ


အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က အဖွင့်အမှာစကားပြောကြားခြင်း


နေပြည်တော်၊ အောက်တိုဘာ ၁၇


ဖြောင့်မတ်တည်ကြည်မှုနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်မှု ဆိုင်ရာ စာတမ်းဖတ်ပွဲကို “Raising Integrity, Resisting Corruption” ခေါင်းစဉ်ဖြင့် ယနေ့ နံနက် ၁၀:၀၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် အရာထမ်းများ တက်ရောက်ခဲ့ကြသည်။ 

အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးက အဖွင့်အမှာစကားပြောကြားရာ၌ ၂၀၂၆ ခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် အရှေ့တောင်အာရှ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ ASEAN Parties Against Corruption (ASEAN- PAC)အစည်းအဝေးကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမည်ဖြစ်ရာ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မရှင်ရုံး အမှုထမ်း၊ အရာထမ်းများ၏ ကိုယ်ရည်ကိုယ်သွေးကို မြှင့်တင်ပေးရန် ရည်ရွယ်၍ ယခုကဲ့သို့ စာတမ်းဖတ်ပွဲကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအတွက် အဓိကကျသည့် အင်္ဂလိပ်ဘာသာစကားစွမ်းရည်၊ တင်ပြမှုစွမ်းရည်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပညာရပ်ဆိုင်ရာ ကြိုးပမ်းအားထုတ်မှုနှင့် ကျွမ်းကျင်မှုများ မြင့်မားလာမည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုသည် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ကို တည်ဆောက်ရာတွင် အဓိကအတားအဆီးဖြစ်ပါကြောင်း၊ တားဆီးကာကွယ်ရေးသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာ၏ အရေးပါသော မဏ္ဍိုင်တစ်ခုဖြစ်ကြောင်း၊ အများပြည်သူကဏ္ဍ၊ ပုဂ္ဂလိက ကဏ္ဍနှင့် လူ့အဖွဲ့အစည်းတွင် ဖြောင့်မတ်တည်ကြည်မှု အလေ့အထကို ပြုစုပျိုးထောင်ကြရမှာ ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု အခွင့်အလမ်းများကို နည်းနိုင်သမျှနည်းစေရန် ကောင်းမွန်တိကျသည့် စနစ်များကို ချမှတ် လိုက်နာကြရမည် ဖြစ်ပါကြောင်း၊ စာတမ်းဖတ်ကြားပွဲမှ ကောင်းမွန်သည့် အလေ့အထများ ဖော်ထုတ်နိုင်ပြီး စိန်ခေါ်မှုများကို တုံ့ပြန်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်စုမြတ်နိုင်က “ From Rules to Values: The Role of Organizational Ethics” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ညွှန်ကြားရေးမှူး၊ ဦးသိန်းထိုက်ဝင်းက “Combating Corruption with Smart Technology” ခေါင်းစဉ်ဖြင့်လည်းကောင်း၊  စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဒေါ်ထက်ထက်အောင်က “ Clean Hand, Clean Future (Administration corruption) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးစီးအရာရှိ၊ ဒေါ်သက်နှင်းစုက “Exploring Solutions to corruption in Public Sectors” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဒေါ်စန္ဒာဝင်းက “Planting the seeds of integrity in the youngster” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးခွဲ(ရန်ကုန်)မှ ညွှန်ကြားရေးမှူး၊ ဒေါ်မြတ်ဆုသင်းက “The Nexus of Electoral Integrity and Corruption” ခေါင်းစဉ်တို့ဖြင့် အသီးသီး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ပုဂ္ဂိုလ်များ၏ မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကာ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက နိဂုံးချုပ်စကားပြောကြားခဲ့ပါသည်။



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် Raising Integrity, Resisting Corruption စာတမ်းဖတ်ပွဲ အခမ်းအနား မှတ်တမ်းဓာတ်ပုံများ



အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာန၊ အသိပညာပေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနခွဲမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်စုမြတ်နိုင်က "From Rules to values: The Role of Organizational Ethics" ခေါင်းစဉ်နှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း 



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာန၊ ပိုင်ဆိုင်မှုကြေညာလွှာစိစစ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဝင်းက "Combating Corruption with Smart Technology" ခေါင်းစဉ်နှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ သတင်း၊တိုင်ကြားစာနှင့် မှတ်တမ်းဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်ထက်ထက်အောင်က "Clean Hand, Clean Future " (Administration Corruption) ခေါင်းစဉ်နှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သက်နှင်းစုက  "Exploring Solutions to Corruption in Public Sectors " ခေါင်းစဉ်နှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း



အခမ်းအနားသို့ တက်ရောက်လာသည့် ဝန်ထမ်းတစ်ဦးက သိရှိလိုသည်များကို မေးမြန်းခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာန၊ အသိပညာပေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက " Planting the seeds of Integrity in the youngster" ခေါင်းစဉ်နှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း 



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ကော်မရှင်ရုံးခွဲ(ရန်ကုန်)မှ ညွန်ကြားရေးမှူး ဒေါ်မြတ်ဆုသင်းက "The Nexus of Electoral Integrity and Corruption" ခေါင်းစဉ်နှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း 


ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက နိဂုံးချုပ်စကား ပြောကြာခြင်း



ဆက်စပ် သတင်းများ