အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ၂၀၂၅ခုနှစ်၊ ဒွါဒသမအကြိမ် မဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
- Thu, 16 October 2025
အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးဝန်ထမ်းများက ဆရာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း
နေပြည်တော်၊ အောက်တိုဘာ ၁၆
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၏၂၀၂၅ခုနှစ်၊ ဒွါဒသမအကြိမ် မဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲအား ယနေ့ နံနက်ပိုင်းတွင် ကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပပြုလုပ် ခဲ့ရာ အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် မိသားစုများ၊ ကော်မရှင်ရုံး ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားကို နမောတဿ (၃) ကြိမ် ရွတ်ဆိုဖွင့်လှစ်ပြီး အခမ်းအနား တက်ရောက်လာကြသူများက သပြေအေး မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ သံဃာတော်အရှင် သူမြတ်များက ရွတ်ပွား ချီးမြှင့်တော်မူသော တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌဦးလွင်ဦး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် မိသားစုများ၊ ကော်မရှင်ရုံး ဝန်ထမ်း မိသားစုများက သံဃာတော်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး သပြေအေး မိုးကုတ်ဝိပဿနာဓမ္မ ရိပ်သာကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ယင်းနောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု(၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ ရတနာရွှေမိုးငွေမိုးများ ရွာသွန်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဒွါဒသမအကြိမ် မဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား မှတ်တမ်းဓာတ်ပုံများ
အခမ်းအနားတွင်ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးဝန်ထမ်းများက ဆရာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း
အခမ်းအနားတွင်ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးဝန်ထမ်းများက ဆရာတော်များထံမှ ငါးပါးသီလခံယူတည်ဆောက်ခြင်း
ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးနှင့်ဇနီးတို့က ဆရာတော်ထံသို့ ဉတ်မကြီးကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း
ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက ဆရာတော်ထံသို့ ဉတ်မကြီးကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း
ကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်းက ဆရာတော်ထံသို့ ဉတ်မကြီးကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း
ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦးက ဆရာတော်ထံသို့ ဉတ်မကြီးကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း
ကော်မရှင်အဖွဲ့ဝင် ဦးတိုးရီက ဆရာတော်ထံသို့ ဉတ်မကြီးကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း
ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးဝန်ထမ်းများက လှူဒါန်းမှုအစုစုအတွက် ရေစက်ချအနုမောဓနာတရားနာယူခြင်း
ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးက ရတနာရွှေမိုးငွေမိုးများ ရွာသွန်းပေးခြင်း

ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်တို့ကို ဆက်ကပ်လှူဒါန်းခြင်း
ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်တို့ကို ဆက်ကပ်လှူဒါန်းခြင်း
ဆရာတော်၊ သံဃာတော်များနှင့် လှူဖွယ်ပစ္စည်းများအား ကျောင်းတိုက်သို့ ပြန်လည်ပို့ဆောင်ခြင်း
ဆရာတော်၊ သံဃာတော်များနှင့် လှူဖွယ်ပစ္စည်းများအား ကျောင်းတိုက်သို့ ပြန်လည်ပို့ဆောင်ခြင်း