အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး (Edutainment) အစီအစဉ်များ ကျင်းပ

  • Thu, 16 October 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး (Edutainment) အစီအစဉ်များ ကျင်းပ


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးခွဲ(မော်လမြိုင်) မှ ဒု-လက်ထောက်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းပြည့် က မူလတန်းအဆင့် ကျောင်းသားလူငယ်ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်များအား ရှင်းလင်းဆွေးနွေးစဉ်


နေပြည်တော်၊ အောက်တိုဘာလ ၁၆ ရက်


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ အသိပညာရရှိစေရန်၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်းဖြစ်တည်လာစေရန်၊ အများအကျိုးဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့ကြား ခွဲခြားတွေးတောသည့်အခြေခံစဉ်းစားတွေးခေါ်မှု မှန်ကန်စေရန်အတွက် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး(Edutainment)အစီအစဉ်များကို အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့်များမှစတင်၍ အသိပညာပေးအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့၌ ၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ၊ အ-ထ-က (၁၁) အခြေခံပညာအထက်တန်းတွင် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၅၃၁) ဦးတို့ကို ကော်မရှင်ရုံးခွဲ (မော်လမြိုင်) မှ ဝန်ထမ်းများက ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် (ဆရာကိုင်) စာအုပ်များမှ သင်ခန်းစာပါ အကြောင်းအရာများကို အခြေခံ၍ အသိပညာပေးဆွေးနွေးဆောင်ရွက်ခဲ့ပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ကော်မရှင်ရုံးနှင့် ရုံးခွဲများရှိ ဝန်ထမ်းများက နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်မြို့ များရှိ အခြေခံပညာကျောင်း (၅၄) ကျောင်း၌ Edutainment အစီအစဉ်များ ဆောင်ရွက်ခဲ့ပါသည်။


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးခွဲ(မော်လမြိုင်)မှ ညွှန်ကြားရေးမှူး ဦးဖြူစိုးကြည် က အလယ်တန်းအဆင့် ကျောင်းသားလူငယ်ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်များအား ရှင်းလင်းဆွေးနွေးစဉ်

ဆက်စပ် သတင်းများ