အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးသည် ကော်မရှင်ရုံးခွဲ(တောင်ကြီး)ရှိ ဝန်ထမ်းများအား တွေ့ဆုံခြင်း

  • Fri, 10 October 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးသည် ကော်မရှင်ရုံးခွဲ(တောင်ကြီး)ရှိ ဝန်ထမ်းများအား တွေ့ဆုံခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က ကော်မရှင်ရုံးခွဲ (တောင်ကြီး)တွင်

အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံခြင်း


နေပြည်တော်၊ အောက်တိုဘာ ၁၀ ရက်

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးသည် ယနေ့နံနက်ပိုင်းတွင် ကော်မရှင်ရုံးခွဲ (တောင်ကြီး)ရှိ အစည်းအဝေးခန်းမ၌ ကော်မရှင်ရုံးခွဲမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။ တွေ့ဆုံပွဲတွင် ကော်မရှင်ရုံးခွဲ ဝန်ထမ်းများမှ တစ်ဦးချင်းစီ မိတ်ဆက်ကြပြီးနောက် တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးက ရုံးခွဲစတင်ဖွင့်လှစ်ခဲ့မှု၊ ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ခဲ့မှု၊ ဝန်ထမ်းဖွဲ့စည်းပုံနှင့် ဝန်ထမ်းခန့်ထားမှု၊ အသိပညာပေးရေး၊ စုံစမ်းစစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပါသည်။

ထို့နောက် ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးက ကော်မရှင်ရုံးခွဲ(တောင်ကြီး)ကို ဖွင့်လှစ်၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၅)နှစ်ကျော်ကာလရှိပြီဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်ကြရာတွင် ကော်မရှင်မှ ထုတ်ပြန်ထားသော ကော်မရှင်ကျင့်ဝတ်(CODE OF CONDUCT)နှင့်အညီ လိုက်နာစောင့်ထိန်းရန် လိုအပ်ကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူလျက် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းဟူသည့် ကဏ္ဍ(၃)ရပ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အဂတိလိုက်စားမှု ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ကျယ်ပြန့်စွာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လက်ရှိတွင် ဝန်ကြီးဌာန/ အဖွဲ့အစည်း(၃၈)ခု၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်(၁၅)ခုတို့တွင် CPU အဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း၊ အဂတိလိုက်စားမှု အသိပညာပေးခြင်းဆိုင်ရာ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်နှင့် တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်များကို ပြုစုထားရှိပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးများ/ပြည်နယ်များနှင့်တက္ကသိုလ်၊ သိပ္ပံကျောင်းများတွင် ပညာပေးဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများ Edutainment အစီအစဉ်များ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကော်မရှင်ရုံးခွဲ(တောင်ကြီး)အနေဖြင့်လည်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ရှမ်းပြည်နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(၂၀)ခုတို့တွင် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေးအစီအစဉ်နှင့် လူငယ်စကားဝိုင်းများကို လျာထားကျင်းပလျက်ရှိရာ ထိရောက်အောင်မြင်မှုရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးအတွက် ဝန်ထမ်းတစ်ဦးချင်းအနေဖြင့် အရည်အချင်း၊ အရည်အသွေး ပြည့်ဝနေအောင် အမြဲတမ်းဖြည့်ဆည်းနေရန်လိုကြောင်း၊ မိမိအလုပ်ကို တန်ဖိုးထား၍ ကြိုးစားလုပ်ဆောင်ရန် ဝန်ထမ်းအချင်းချင်း မိသားစုစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ နေထိုင်သွားကြရန်လိုကြောင်း၊ မကြာခင်ကာလ၌ ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝန်ထမ်းများအနေဖြင့် တို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားတို့၏အကျိုးကို ဖော်ဆောင်နိုင်မည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ် မဲပေးကြရန်လိုကြောင်း၊ ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်များကို ဝန်ထမ်းများ နားလည်သိရှိထားရန် လိုအပ်ကြောင်းနှင့် ရွေးကောက်ပွဲ အောင်မြင်စေရေးအတွက် တတ်နိုင်သည့်ဘက်မှ အားလုံးပူးပေါင်းပါဝင်၍ ကူညီဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။

၎င်းနောက် ကော်မရှင်ဥက္ကဋ္ဌက ရုံးခွဲရှိဝန်ထမ်းများအတွက် ကြက်ဥ၊ စားသုံးဆီနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ရာ ရုံးခွဲတာဝန်ခံမှလက်ခံရယူခဲ့ပါသည်။ ဆက်လက်၍ ကော်မရှင် ဥက္ကဋ္ဌသည် ရုံးခွဲအဆောက်အအုံအတွင်း ဝန်ထမ်းများ၏ လုပ်ငန်းတာဝန် ထမ်းဆောင်နေမှုများနှင့် ကော်မရှင်ရုံးခွဲ ဝန်ထမ်းအိမ်ရာအား ကြည့်ရှုစစ်ဆေး၍ နေထိုင်သည့် ဝန်ထမ်းမိသားစုများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားခဲ့ပြီး လိုအပ်သည်များမှာကြားကာ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးက ကော်မရှင်ရုံးခွဲ(တောင်ကြီး)ရှိ ဝန်ထမ်းများအား တွေ့ဆုံခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က ကော်မရှင်ရုံးခွဲ (တောင်ကြီး)တွင်

အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က ကော်မရှင်ရုံးခွဲ (တောင်ကြီး)မှ  ဝန်ထမ်းမိသားစုများအား

ကြက်ဥ၊ စားသုံးဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က ကော်မရှင်ရုံးခွဲ (တောင်ကြီး)မှ  ဝန်ထမ်းမိသားစုများအား

ကြက်ဥ၊ စားသုံးဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က ကော်မရှင်ရုံးခွဲ(တောင်ကြီး)၌ ရုံးအဆောက်အဦနှင့်

ဝန်ထမ်းအိမ်ရာများကို  ကြည့်ရှုစစ်ဆေးခြင်း




အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က ကော်မရှင်ရုံးခွဲ(တောင်ကြီး)၌ ရုံးအဆောက်အဦနှင့်

ဝန်ထမ်းအိမ်ရာများကို  ကြည့်ရှုစစ်ဆေးခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က ကော်မရှင်ရုံးခွဲ (တောင်ကြီး)မှ  ဝန်ထမ်းအိမ်ရာများအား

လှည့်လည်ကြည့်ရှုစစ်ဆေးခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က ကော်မရှင်ရုံးခွဲ (တောင်ကြီး)မှ  ဝန်ထမ်းအိမ်ရာများအား

လှည့်လည်ကြည့်ရှုစစ်ဆေးခြင်း

ဆက်စပ် သတင်းများ