အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် မြန်မာ- တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) မှ ငလျင်ဘေးဒဏ်သင့်ခဲ့သည့် ကော်မရှင်ရုံး ဝန်ထမ်းမိသားစုများအတွက် အိမ်သုံးဆိုလာ မီးအိမ်များအား နှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းမှု အခမ်းအနားကျင်းပ

  • Wed, 8 October 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် မြန်မာ- တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) မှ ငလျင်ဘေးဒဏ်သင့်ခဲ့သည့် ကော်မရှင်ရုံး ဝန်ထမ်းမိသားစုများအတွက် အိမ်သုံးဆိုလာ မီးအိမ်များအား နှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းမှု အခမ်းအနားကျင်းပ


နေပြည်တော်၊ အောက်တိုဘာ ၈

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)က နေပြည်တော်ရှိ ရုံးအမှတ် (၅၆) ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး၌ သဘာဝဘေးဒဏ် ခံစားခဲ့ရသည့် ဝန်ထမ်းမိသားစုများ အသုံးပြုရန် အတွက် ငွေကျပ်သိန်း ၅၀ နှင့် အိမ်သုံးဆိုလာ မီးအိမ်များအား ယနေ့တွင် လာရောက်လှူဒါန်းသည်။

ထိုသို့လှူဒါန်းရာတွင် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦးနှင့် အဖွဲ့ဝင်များက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး ဝန်ထမ်းမိသားစုများအတွက် ငွေကျပ် သိန်း ၅၀ နှင့် အိမ်သုံးဆိုလာ မီးအိမ်အစုံ ၅၀ အား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးလွင်ဦးထံ ပေးအပ်လှူဒါန်း ခဲ့ပါသည်။ ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။


မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦးက လှူဒါန်းမှုနှင့်စပ်လျဉ်း၍  ရှင်းလင်းပြောကြားခြင်း


ငလျင်ဘေးဒဏ်သင့်ခဲ့သည့် ကော်မရှင်ရုံးဝန်ထမ်းမိသားစုများအတွက် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို)ဥက္ကဋ္ဌ ဦးတင်ဦးက ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးထံသို့ ငွေကျပ်သိန်း ၅၀ ပေးအပ်လှူဒါန်းခြင်း


ငလျင်ဘေးဒဏ်သင့်ခဲ့သည့် ကော်မရှင်ရုံးဝန်ထမ်းမိသားစုများအတွက် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို)ဥက္ကဋ္ဌ ဦးတင်ဦးက ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးထံသို့ ဆိုလာလျှပ်စစ်မီးအိမ်များ ပေးအပ်လှူဒါန်းခြင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးက မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦး အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခြင်း 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးက ကျေးဇူးတင်စကား ပြောကြားခြင်း


ဆက်စပ် သတင်းများ