အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး နှင့် ဝန်ထမ်းများတွေ့ဆုံပွဲ ကျင်းပ

  • Tue, 30 September 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး နှင့် ဝန်ထမ်းများတွေ့ဆုံပွဲ ကျင်းပ


အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က အဖွင့်အမှာစကားပြောကြားခြင်း


နေပြည်တော်၊ စက်တင်ဘာ ၃၀ 

        ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်၊ နံနက် ၁၀:၀၀ နာရီတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးလွင်ဦးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲသို့ ကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းများနှင့် အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။

        တွေ့ဆုံပွဲတွင် ကော်မရှင်ဉက္ကဋ္ဌ ဦးလွင်ဦးက အဖွင့်အမှာစကား ပြောကြားရာ၌ ကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ နိုင်ငံတော်အစိုးရကို တိုက်ရိုက် တာဝန်ခံဆောင်ရွက်ရသည့် အဖွဲ့အစည်း ဖြစ်သည့်အတွက် လုပ်ငန်းဆောင်ရွက်ရာတွင်ဖြစ်စေ၊ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင်ဖြစ်စေ၊ တရားဥပဒေနှင့်အညီ သမာသမတ်ကျစွာ၊ တရား မျှတစွာဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည် တစ်ဦးကောင်း၊ တစ်ယောက်ကောင်းဖြင့် ဆောင်ရွက်ခြင်းထက် အားလုံးပူးပေါင်း ဆောင်ရွက်မှသာ ထိရောက် အောင်မြင်နိုင်မည် ဖြစ်ကြောင်း၊ ဝန်ထမ်းတစ်ဦးချင်းစီအနေဖြင့် အရည်အသွေး၊ အရည်အချင်း ပြည့်ဝနေစေရန်လိုကြောင်း၊ ၂၀၂၅ခုနှစ် ဒီဇင်ဘာလတွင် ဆောင်ရွက်မည့် ရွေးကောက်ပွဲတွင်လည်း နိုင်ငံတော်အကျိုးအတွက် ဆောင်ရွက်နိုင်မယ့် ကိုယ်စားလှယ်လောင်းများကို မှန်ကန်စွာ ရွေးချယ်ကြရန် မှာကြားလိုကြောင်း  ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အဂတိ လိုက်စားမှုကြောင့် ဖြစ်ပွားခဲ့သည့် နီပေါနိုင်ငံ လူထုအုံကြွမှုနှင့် လစ်ဘရယ်ဝါဒီ လက်ဝဲအစွန်းရောက် လှုပ်ရှားမှုအပေါ် လေ့လာသုံးသပ်ထားသည့် စာတမ်းအား ပိုင်ဆိုင်မှု ကြေညာလွှာစိစစ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး က ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် ကော်မရှင်ဥက္ကဋ္ဌက အောက်တိုဘာလအတွက် “မိဘနှင့်သားသမီး၊ ဆရာနှင့် တပည့် လစဉ်စောင့်ရှောက်ထောက်ပံ့ကူညီမှု အစီအစဉ်” အရ အမှုထမ်းများအတွက် (၁)ဦးလျှင် ငွေကျပ် တစ်သောင်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်ခြင်းကို ကော်မရှင်ရုံးအဖွဲ့၊ စီမံရေးရာ ဦးစီးဌာန၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေး ဦးစီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များက လက်ခံခဲ့ပါသည်။ ၎င်းနောက် ကော်မရှင်ရုံး အဖွဲ့နှင့် ဦးစီးဌာနများရှိ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ကော်မရှင်ဥက္ကဋ္ဌက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး
ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်ရုံးဝန်ထမ်းများ တွေ့ဆုံပွဲအခမ်းအနား မှတ်တမ်းဓာတ်ပုံများ

အခမ်းအနားတွင် ကော်မရှင် ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခြင်း


ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးက ကော်မရှင်ရုံးအဖွဲ့မှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို အမြဲတမ်းအတွင်းဝန် ဦးထိန်လင်းအား ပေးအပ်ခြင်း


ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးက စီမံရေးရာဦးစီးဌာနမှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို ညွှန်ကြားရေးမှူးချုပ် ဦးလွင်အောင် အား ပေးအပ်ခြင်း


ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးက နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနမှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်အား ပေးအပ်ခြင်း


ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးက စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်းအား ပေးအပ်ခြင်း


အခမ်းအနားတွင် နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန၊ ပိုင်ဆိုင်မှုကြေညာလွှာစိစစ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဝင်းက နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂)မှ နီပေါနိုင်ငံ လူထုဆူပူအုံကြွမှုနှင့် လစ်ဘရယ်ဝါဒီလက်ဝဲ အစွန်းရောက်လှုပ်ရှားမှုအပေါ် လေ့လာသုံးသပ်ထားသည့် စာတမ်းအား ရှင်းလင်းတင်ပြခြင်း

ဆက်စပ် သတင်းများ