အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့်ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ “လူငယ်နှင့်ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်းကျင်းပ
- Thu, 18 September 2025
အခမ်းအနားတွင် ကော်မရှင်ရုံးခွဲ (ရန်ကုန်)မှ ညွှန်ကြားရေးမှူးဒေါ်မြတ်ဆုသင်း က အဖွင့်အမှာစကားပြောကြားခြင်း
နေပြည်တော်၊ စက်တင်ဘာ ၁၈
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှုကို လက်သင့်မခံသည့် ဖြောင့်မတ်တည်ကြည်မှုရှိသည့် အသိုက်အဝန်းကို တည်ဆောက်နိုင်ရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ရန် ရည်ရွယ်၍ “လူငယ်နှင့် ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်းများကို ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရှိ TTC အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသားလူငယ်များ ဦးဆောင်သည့် စကားဝိုင်းကို ကျင်းပခဲ့သည်။
အဆိုပါစကားဝိုင်းတွင် ကျင့်ဝတ်နှင့်ညီသည့် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်လာရန်အတွက် ငယ်စဉ်ကတည်းက ဖြောင့်မတ်တည်ကြည်မှုကိုအခြေပြုရန် လိုအပ်မှုများနှင့် စပ်လျဉ်း၍ ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများ၏ မေးခွန်းများကို ပြန်လည် ဖြေကြားခဲ့ပါသည်။
အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးရုံး၊ ကော်မရှင်ရုံးခွဲ (ရန်ကုန်)မှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရှိ TTC အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည့် “လူငယ်နှင့် ဖြောင့်မတ်တည်ကြည်မှု” လူငယ်စကားဝိုင်း အခမ်းအနား မှတ်တမ်းဓာတ်ပုံများ
အခမ်းအနားတွင် ကမာရွတ်မြို့နယ်ရှိ TTC အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများက
လူငယ်စကားဝိုင်းတွင် ဆွေးနွေးခြင်း