အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး ကော်မရှင်ရုံးခွဲ(မန္တလေး)သို့ သွားရောက်၍ ဝန်ထမ်းများအားတွေ့ဆုံအမှာစကားပြောကြားခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခြင်း
- Mon, 15 September 2025
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က ကော်မရှင်ရုံးခွဲ (မန္တလေး)တွင် အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံခြင်း
နေပြည်တော်၊ ၂၀၂၅ခုနှစ်၊စက်တင်ဘာလ ၁၅ ရက်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးသည် စက်တင်ဘာလ ၁၅ ရက်နေ့နံနက်ပိုင်းတွင် ကော်မရှင်ရုံးခွဲ(မန္တလေး)သို့သွားရောက်၍ ကော်မရှင်ရုံးခွဲ အစည်းအဝေး ခန်းမ၌ ဝန်ထမ်းများအားတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ကော်မရှင်ရုံးခွဲ ဝန်ထမ်းများမှ တစ်ဦးချင်း မိတ်ဆက်ကြပြီးနောက် ကော်မရှင်ရုံးခွဲ တာဝန်ခံ ညွှန်ကြားရေးမှူး မှ ရုံးခွဲစတင်ဖွင့်လှစ်ခဲ့မှု၊ ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ခဲ့မှု၊ ဝန်ထမ်းဖွဲ့စည်းပုံနှင့် ဝန်ထမ်း ခန့်ထားနိုင်မှု၊ အသိပညာပေးရေးနှင့် စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှု၊ ငလျင်ဒဏ်ကြောင့် ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာများ ပျက် စီး မှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြပါသည်။
ထို့နောက် ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးက ကော်မရှင်ရုံးခွဲ(မန္တလေး)ကို ဖွင့်လှစ်ပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၆)နှစ်ကျော်ကာလရှိပြီဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်ကြရာတွင် ကော်မရှင်မှ ထုတ်ပြန်ထားသော ကော်မရှင်ကျင့်ဝတ်(CODE OF CONDUCT)ကို လိုက်နာစောင့်ထိန်းရန်လိုအပ်ကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူလျက် အများပြည်သူများကို အသိပညာ ပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းဟူသည့် ကဏ္ဍ(၃)ရပ်ဖြင့် ဆောင်ရွက် လျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဂတိလိုက်စားမှုကြိုတင်ကာကွယ်ရေး အတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ကျယ်ပြန့်စွာ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ လက်ရှိတွင် ဝန်ကြီးဌာန/ အဖွဲ့အစည်း(၃၈)ခု၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်(၁၅)ခုတို့တွင် CPU အဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ အဂတိလိုက်စားမှု အသိပညာပေးခြင်းဆိုင်ရာ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်း အဆင့်နှင့် တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်များကို ပြုစုထားရှိပြီးဖြစ်ကြောင်း၊ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးများ/ ပြည်နယ်များနှင့် တက္ကသိုလ်၊ သိပ္ပံကျောင်းများတွင် ပညာပေးဟောပြောပွဲများ၊ လူငယ်စကားဝိုင်းများ Edutainment အစီအစဉ်များ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကော်မရှင်ရုံးခွဲ(မန္တလေး)အနေဖြင့်လည်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်/ ကောလိပ်များနှင့် စက်မှုလက်မှုသိပ္ပံ/အထက်တန်းကျောင်း(၃၅)ခုတို့တွင် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေး အစီအစဉ် နှင့်လူငယ်စကားဝိုင်းများကို လျာထားကျင်းပလျက်ရှိရာ ထိရောက်အောင်မြင်မှုရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပေးအပ်လာသည့် တာဝန် များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးအတွက် ဝန်ထမ်းတစ်ဦးချင်းအနေဖြင့် အရည်အချင်း၊ အရည်အသွေး ပြည့်ဝနေအောင် အမြဲတမ်းဖြည့်ဆည်းနေရန် လိုကြောင်း၊ မိမိအလုပ်ကို တန်ဖိုးထား၍ ကြိုးစားလုပ်ဆောင်ရန် ဝန်ထမ်းအချင်းချင်း မိသားစုစိတ်ဓာတ်ဖြင့် စည်းလုံး ညီညွှတ်စွာ နေထိုင်သွားကြရန် လိုကြောင်း၊ ဝန်ထမ်းများကိုအထူးမှာကြားလိုတာကတော့ မကြာခင်ကာလမှာ ရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်၍ ဝန်ထမ်းများအနေဖြင့် မပျက် မကွက် ဆန္ဒမဲပေးကြရန်၊ ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်များကို ဝန်ထမ်းများ နားလည်သိရှိထားရန်လိုအပ်ကြောင်းနှင့် ရွေးကောက်ပွဲအောင်မြင်စေရေးအတွက် တတ်နိုင်သည့်ဘက်မှ အားလုံး ပူးပေါင်းပါဝင်၍ ကူညီဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။
ထို့နောက် ကော်မရှင်ဥက္ကဋ္ဌက ရုံးခွဲရှိဝန်ထမ်းများအတွက် ကြက်ဥ၊ စားသုံးဆီနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့ရာ ရုံးခွဲတာဝန်ခံမှ လက်ခံရယူခဲ့ပါသည်။
ထို့နောက် ကော်မရှင်ဥက္ကဋ္ဌသည် ရုံးခွဲအဆောက်အအုံအတွင်း ဝန်ထမ်းများ၏ လုပ်ငန်းတာဝန်ထမ်းဆောင်နေမှုများကိုလည်းကောင်း၊ ငလျင်ဒဏ်ကြောင့် ရုံးအဆောက်အဦ နှင့် ဝန်ထမ်းအိမ်ရာထိခိုက်ပျက်စီးမှု အခြေအနေများကိုလည်းကောင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ထို့နောက် ကော်မရှင် ဥက္ကဋ္ဌသည် ကော်မရှင်ရုံးခွဲ(မန္တလေး)မြေနေရာနှင့် ကပ်လျက် တစ်ဆက်တည်းရှိသော စက်မှုဝန်ကြီးဌာနမှ လွှဲပြောင်းရယူမည့်မြေနေရာအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားပါသည်။
ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌသည် ကော်မရှင်ရုံးခွဲဝန်ထမ်းအိမ်ရာအား ကြည့်ရှု စစ်ဆေး၍ နေထိုင်သည့် ဝန်ထမ်းမိသားစုများကို ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကား ပြောကြားခဲ့ပြီး ဝန်ထမ်းမိသားစုများ၏ တပိုင်တနိုင်စိုက်ပျိုးထားရှိမှုများကို ကြည့်ရှု၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ကော်မရှင်ဥက္ကဋ္ဌ ဉီးလွင်ဦးက ကော်မရှင်ရုံးခွဲ(မန္တလေး)ရှိ ဝန်ထမ်းများအား တွေ့ဆုံခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က ကော်မရှင်ရုံးခွဲ (မန္တလေး)တွင် အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က ကော်မရှင်ရုံးခွဲ (မန္တလေး)မှ ရုံးခန်းများအား လှည့်လည်ကြည့်ရှု စစ်ဆေးခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က ကော်မရှင်ရုံးခွဲ (မန္တလေး)မှ ရုံးခန်းများအား လှည့်လည်ကြည့်ရှု စစ်ဆေးခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က ကော်မရှင်ရုံးခွဲ (မန္တလေး)မှ ရုံးခန်းများအား လှည့်လည်ကြည့်ရှု စစ်ဆေးခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က ကော်မရှင်ရုံးခွဲ (မန္တလေး)မှ ရုံးခန်းများအား လှည့်လည်ကြည့်ရှု စစ်ဆေးခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က ကော်မရှင်ရုံးခွဲ (မန္တလေး)မှ ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က ကော်မရှင်ရုံးခွဲ (မန္တလေး)မှ ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှုစစ်ဆေးခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က ကော်မရှင်ရုံးခွဲ (မန္တလေး)မှ ဝန်ထမ်းမိသားစုများ၏ တပိုင်တနိုင်စိုက်ပျိုးထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က စက်မှုဝန်ကြီးဌာနမှ လွှဲပြောင်းရယူမည့် မြေနေရာအား သွားရောက်ကြည့်ရှုစစ်ဆေးခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က ကော်မရှင်ရုံးခွဲ (မန္တလေး)မှ ဝန်ထမ်းမိသားစုများအား ကြက်ဥ၊ စားသုံးဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်း