အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့်ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ “အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ” လူငယ်စကားဝိုင်းကျင်းပ

  • Fri, 12 September 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့်ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ “အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ” လူငယ်စကားဝိုင်းကျင်းပ


အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦးက

အဖွင့်အမှာစကားပြောကြားခြင်း


နေပြည်တော်၊စက်တင်ဘာ ၁၂


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် “အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ”လူငယ်စကားဝိုင်းကို ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၁၀)အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦး တက်ရောက်ခဲ့ကြသည်။

အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦးက အမှာစကားပြောကြားရာ၌ ကျောင်းသားလူငယ်များ ဦးဆောင်ပါဝင်သည့် လူငယ်စကားဝိုင်းများဆောင်ရွက်ပေးခြင်းကြောင့် လူငယ်များအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် အသိအမြင်၊ ဗဟုသုတများရရှိစေခြင်း၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်းတည်ဆောက်ရာ၌ ကျောင်းသား လူငယ်တို့၏အခန်းကဏ္ဍ ပါဝင်လာစေခြင်း၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းလာစေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေရန် ရည်ရွယ်ပါကြောင်း၊ လူငယ်များကို ငယ်စဉ်ကပင် စည်းကမ်းရှိခြင်း၊ တာဝန်ယူမှုရှိခြင်း၊ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းနှင့် လူမှုကျင့်ဝတ်များကို လေးစားလိုက်နာခြင်း စသည့် အလေ့အကျင့်ကောင်းများကို လိုက်နာကျင့်သုံးတတ်စေရန် စာသင်ကျောင်းများမှစ၍ လေ့ကျင့်ပျိုးထောင်ပေးရမည်ဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် အမှား၊ အမှန် ခွဲခြားသိမြင်ပြီး ဖြောင့်မတ်တည်ကြည်မှုရှိစွာ ပြုမူဆာင်ရွက်ကြရန် တိုက်တွန်းမှာကြားပြောကြားခဲ့ပါသည်။ 

ဆက်လက်၍ “အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၀) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့၏ သိရှိလိုသည်များကို မေးမြန်းရာ Speaker များအဖြစ် ပါဝင်ဆောင်ရွက်ကြသည့် ကျောင်းသား၊ ကျောင်းသူများက ရင်းနှီးပွင့်လင်းစွာ ပြန်လည် ဖြေကြားခဲ့ပါသည်။ ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦး က ကျောင်းအုပ်ဆရာမကြီးထံ ကော်မရှင်အမှတ်တံဆိပ်ပါ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။



အ.ထ.က(၁၀)၊ ဇမ္ဇူသီရိမြို့နယ်တွင် ကျင်းပသည့် "အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ"

လူငယ်စကားဝိုင်းဆွေးနွေးပွဲ မှတ်တမ်းဓာတ်ပုံများ



အ.ထ.က(၁၀)မှ ကျောင်းသား/ကျောင်းသူများက "အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ" လူငယ်စကားဝိုင်း

စတင်ဆွေးနွေးခြင်း 



လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကျောင်းသူတစ်ဦးက သိရှိလိုသည်များအား မေးမြန်းခြင်း



သိရှိလိုသည့်မေးခွန်းများနှင့် စပ်လျဉ်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသည့် ကျောင်းသူတစ်ဦးက

ပြန်လည်ဖြေကြားခြင်း



ကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦး က ကော်မရှင်အမှတ်တံဆိပ်ပါ လက်ဆောင်ပစ္စည်းများကို

ကျောင်းအုပ်ဆရာမကြီးအား ပေးအပ်ခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က ကော်မရှင်အမှတ်တံဆိပ်ပါ လက်ဆောင်ပစ္စည်းမျာကို လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသည့် ကျောင်းသား/ကျောင်းသူများအား ပေးအပ်ခြင်း



အ.ထ.က(၁၀)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်ထားဆွေက ကျေးဇူးတင်စကားပြောကြားခြင်း


ကော်မရှင်ရုံး၊ ဝန်ထမ်းများက ကော်မရှင်အမှတ်တံဆိပ်ပါ key Chain များကို လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများအား ပေးအပ်ခြင်း


ဆက်စပ် သတင်းများ