အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီး တို့မှ “ရင်သွေးရတနာ” နေ့ကလေးထိန်းကျောင်းရှိ ရင်သွေးငယ်များအား အာဟာရဖြည့်အစားအစာများ ကျွေးမွေး၊ လက်ဆောင်ပစ္စည်းများဝေငှလှူဒါန်း

  • Mon, 1 September 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီး တို့မှ “ရင်သွေးရတနာ” နေ့ကလေးထိန်းကျောင်းရှိ ရင်သွေးငယ်များအား အာဟာရဖြည့်အစားအစာများ  ကျွေးမွေး၊ လက်ဆောင်ပစ္စည်းများဝေငှလှူဒါန်း


ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးနှင့် ဇနီးတို့က ရင်သွေးငယ်များအား ကစားစရာအရုပ်များ ဝေငှပေးအပ်ခြင်း


စက်တင်ဘာလ ၁ ရက်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ရုံးအမှတ်(၅၆)တွင် ကော်မရှင်ရုံး ဝန်ထမ်းများ၏ ရင်သွေးငယ်များအား မိဘများမှ ရင်အုပ်မကွာ ပြုစုစောင့်ရှောက်ပေးနိုင်ပြီး စိတ်ချမ်းသာစွာ တာဝန်ထမ်းဆောင်နိုင်သည့်လုပ်ငန်းခွင်ကို ဖန်တီးပေးရန် ရည်ရွယ်၍ “ရင်သွေးရတနာ” နေ့ကလေးထိန်းကျောင်းကို ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ရာ ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးနှင့်ဇနီး ဒေါ်မြင့်သန္တာ တို့မှ ရင်သွေးငယ်များကို အာဟာရဖွံ့ဖြိုးစေရန် အာဟာရဖြည့် အစားအစာများဖြစ်သည့် ကြက်သားဆန်ပြုတ်နှင့် ကြက်ဥပူတင်းများ ကျွေးမွေးခဲ့ပြီး ကစားစရာ အရုပ်များ လက်ဆောင်အဖြစ် ဝေငှလှူဒါန်းခဲ့ပါသည်။ “ရင်သွေးရတနာ” နေ့ကလေးထိန်း ကျောင်းတွင် ရင်သွေးငယ် (၁၅) ဦးရှိပါသည်။


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးနှင့် ဇနီးတို့ က "ရင်သွေးရတနာ" နေ့ကလေးထိန်းကျောင်းရှိ ရင်သွေးငယ်များအား အာဟာရဖြည့် အစားအစာများ ကျွေးမွေးခြင်းနှင့် ကစားစရာအရုပ်များ ဝေငှလှူဒါန်းခြင်း မှတ်တမ်းဓာတ်ပုံများ

ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးနှင့် ဇနီးတို့က ရင်သွေးငယ်များအား ကစားစရာအရုပ်များ ဝေငှပေးအပ်ခြင်း


ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦးနှင့် ဇနီးတို့က ရင်သွေးငယ်များအား အာဟာရဖြည့် အစားအစာများ ကျွေးမွေးခြင်း



အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း

ဆက်စပ် သတင်းများ