အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ “အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ” လူငယ်စကားဝိုင်းကျင်းပ
- Tue, 26 August 2025
အခမ်းအနားတွင် ကော်မရှင်ရုံးခွဲ (မော်လမြိုင်)မှ ညွှန်ကြားရေးမှူးက အဖွင့်အမှာစကားပြောကြားခြင်း
နေပြည်တော်၊ ဩဂုတ် ၂၅
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှုကို လက်သင့်မခံသည့် ဖြောင့်မတ်တည်ကြည်မှုရှိသည့် အသိုက်အဝန်းကို တည်ဆောက်နိုင်ရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် လူငယ်များ၏ အခန်းကဏ္ဍကို မြှင့်တင်ရန် ရည်ရွယ်၍ “အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ” လူငယ်စကားဝိုင်းများကို ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ၂၅-၈-၂၀၂၅ ရက်နေ့တွင် မော်လမြိုင်မြို့ရှိ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသားလူငယ်များ ဦးဆောင်သည့် စကားဝိုင်းကို ကျင်းပခဲ့သည်။
အဆိုပါစကားဝိုင်းတွင် အဂတိလိုက်စားမှု၏အဓိပ္ပါယ်၊ သဘောသဘာဝနှင့် ဆိုးကျိုးသက်ရောက်မှုများနှင့် စပ်လျဉ်း၍ ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများ၏ မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ပါသည်။
အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးရုံး၊ ကော်မရှင်ရုံးခွဲ (မော်လမြိုင်)မှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
မော်လမြိုင်မြို့ရှိ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည့် “အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်လူငယ်တို့၏အခန်းကဏ္ဍ” လူငယ်စကားဝိုင်း အခမ်းအနား မှတ်တမ်းဓာတ်ပုံများ
အခမ်းအနားတွင် မော်လမြိုင်မြို့ရှိ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခြင်း