အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၏ ဝန်ထမ်းအိမ်ရာများ စစ်ဆေးကြပ်မတ်နေမှု
- Sat, 16 August 2025
အမြဲတမ်းအတွင်းဝန် ဦးထိန်လင်းနှင့်အဖွဲ့ လူပျိုဆောင် သပြေ(၄)၊ အဆောင်(၁၄)တွင် စစ်ဆေးမှာကြားနေမှု
နေပြည်တော်၊ ဩဂုတ်လ ၁၆
၁၆-၈-၂၀၂၅ ရက်၊စနေနေ့နံနက် ၀၉:၀၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ အိမ်ရာ/ အဆောင် စစ်ဆေးကြပ်မတ်ရေးအဖွဲ့ (၄)ဖွဲ့မှ အဖွဲ့ခေါင်းဆောင်များဖြစ်သည့် အမြဲတမ်းအတွင်းဝန် ဦးထိန်လင်းနှင့် ညွှန်ကြားရေးမှူးချုပ်များ ဦးဆောင်သည့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ ပါဝင်သောအဖွဲ့ဝင်များသည် ကော်မရှင်ရုံးဝန်ထမ်းများ နေထိုင်လျက်ရှိသည့် လူပျိုဆောင်၊ အပျိုဆောင်များ၊ ဝန်ထမ်းအိမ်ရာများနှင့် အားကစားလေ့ကျင့်ရေးစခန်း အဆောင် (၂) နှင့် (၃)များသို့ သွားရောက်၍ အဆောင်နှင့် အဆောက်အဦပတ်ဝန်းကျင် ချုံနွယ်များ ရှင်းလင်းဆောင်ရွက်ထားမှု၊ အဆောင်အတွင်း၊ အပြင် သန့်ရှင်းရေး ဆောင်ရွက်ထားမှု၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ထားမှု၊ သစ်ပင်များ အလင်းဖွင့် ဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးပါသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးထိန်လင်းနှင့် ညွှန်ကြားရေးမှူးချုပ်များက အဆောင်နှင့် အိမ်ရာနေဝန်ထမ်းများ၊ အားကစားလေ့ကျင့်ရေးစခန်းအဆောင်(၂)နှင့်(၃)တို့မှ ဝန်ထမ်းမိသားစုများနှင့် တွေ့ဆုံ၍ ကျန်းမာရေးအခြေအနေ လျှပ်စစ်မီတာခ ပေးဆောင်မှုတို့ကို မေးမြန်းပြီး အဆောင်/အိမ်ရာများတွင် ဧည့်သည် တည်းခိုပါက အဆောင်/ အိမ်ရာ သတ်မှတ်စည်းကမ်းများနှင့်အညီ သတင်းပို့ရန် ဧည့်မှတ်တမ်းရေးသွင်းရန်၊ ဧည့်စာရင်း တိုင်ကြားရန်နှင့် လိုအပ်သည်များ မှာကြားခဲ့ပါသည်။
အမြဲတမ်းအတွင်းဝန် ဦးထိန်လင်းနှင့်အဖွဲ့ အပျိုဆောင် သဇင်(၆)၊ အဆောင်(၉)တွင် စစ်ဆေးမှာကြားနေမှု
အမြဲတမ်းအတွင်းဝန် ဦးထိန်လင်းနှင့်အဖွဲ့ လူပျိုဆောင် သပြေ(၄)၊ အဆောင်(၄)တွင် စစ်ဆေးမှာကြားနေမှု
စီမံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးလွင်အောင်နှင့်အဖွဲ့ ဝန်ထမ်းအိမ်ယာ တိုက်အမှတ်(၃၃၁၁၉)တွင် စစ်ဆေးမှာကြားနေမှု
စီမံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးလွင်အောင်နှင့်အဖွဲ့ ဝန်ထမ်းအိမ်ယာ တိုက်အမှတ် (၃၃၁၁၃)တွင် စစ်ဆေးမှာကြားနေမှု
စီမံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးလွင်အောင်နှင့်အဖွဲ့ လိမ္မော်ရောင်အဆင့် သတ်မှတ်ထားရှိသော ဝန်ထမ်းအိမ်ယာ တိုက်အမှတ် (၂၂၁၄)တွင် စစ်ဆေးမှာကြားနေမှု
နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့် နှင့်အဖွဲ့ သဇင်(၇)၊ အဆောင်(၄)တွင် စစ်ဆေးမှာကြားနေမှု
နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့် နှင့်အဖွဲ့ သဇင်(၇)၊ အဆောင်(၄)တွင် စစ်ဆေးမှာကြားနေမှု
နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့် နှင့်အဖွဲ့ အားကစားလေ့ကျင့်ရေးစခန်းအဆောင်(၂)တွင် စစ်ဆေးမှာကြားနေမှု
စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်း နှင့်အဖွဲ့ ဝန်ထမ်းအိမ်ယာ တိုက်အမှတ် (၆၂၁၅)တွင် စစ်ဆေးမှာကြားနေမှု
စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်း နှင့်အဖွဲ့ ဝန်ထမ်းအိမ်ယာ တိုက်အမှတ် (၆၁၁၁)တွင် စစ်ဆေးမှာကြားနေမှု
စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်း နှင့်အဖွဲ့ ဝန်ထမ်းအိမ်ယာ တိုက်အမှတ် (၆၂၀၉)တွင် စစ်ဆေးမှာကြားနေမှု