အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌဦးလွင်ဦးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲ ကျင်းပ
- Thu, 7 August 2025
အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးလွင်ဦး က အဖွင့်အမှာစကားပြောကြားခြင်း
နေပြည်တော်၊ ဩဂုတ် ၇ ရက်
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းစားရိပ်သာ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌဦးလွင်ဦး နှင့် ဝန်ထမ်းများတွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲသို့ ကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းများနှင့် အမှုထမ်းများတက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲတွင် ကော်မရှင်ဉက္ကဋ္ဌ ဦးလွင်ဦးက အဖွင့်အမှာစကား ပြောကြားရာ၌ ကော်မရှင်အနေဖြင့် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းဟူသည့် လုပ်ငန်းစဉ် (၃) ရပ်ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် အရည်အသွေးမြင့်မားနေစေရန် စဉ်ဆက်မပြတ် လေ့လာသင်ယူနေရန်လိုကြောင်း၊ ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် ဝန်ထမ်းများသက် သာချောင်ချိရေးကို ဦးစားပေးဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများဖြစ်စေ၊ လူမှုရေးကိစ္စဖြစ်စေ အခက်အခဲများရှိပါက ပွင့်လင်းစွာ သတင်းပို့တင်ပြနိုင်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကော်မရှင်ရုံးအဖွဲ့၊ စီမံရေးရာဦးစီးဌာန၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနများမှ ဝန်ထမ်းများက အခက်အခဲများကို တင်ပြကြပြီး သက်ဆိုင်ရာဌာနအကြီးအကဲများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကာ ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်ရုံးဝန်ထမ်းများ
တွေ့ဆုံပွဲအခမ်းအနား မှတ်တမ်းဓာတ်ပုံများ
အခမ်းအနားတွင် ကော်မရှင် ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခြင်း
အခမ်းအနားတွင် ဝန်ထမ်းများက ဆွေးနွေးတင်ပြခြင်း
စီမံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးလွင်အောင်က ဝန်ထမ်းများ၏ တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြန်လည်ဖြေကြားခြင်း