အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ

  • Thu, 31 July 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ


အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က အဖွင့်အမှာစကားပြောကြားခြင်း


နေပြည်တော်၊ ဇူလိုင် ၃၁  

 အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀:၀၀ နာရီတွင် စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းများ၊ အမှုထမ်းများနှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ခဲ့ကြသည့် ဝန်ထမ်းသားသမီးများ တက်ရောက်ခဲ့ကြသည်။ 

 အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အဖွင့်အမှာစကား ပြောကြားရာ၌ ကော်မရှင်အနေဖြင့် ပညာရည်ချွန်ဆုပေးပွဲကို နှစ်စဉ်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ လူငယ်များ၏ ကြိုးပမ်းအားထုတ်မှုကို  ဂုဏ်ယူအသိအမှတ်ပြုသည့်အနေဖြင့် ယခုအခမ်းအနားကို စောနိုင်သမျှစောအောင် ဆောင်ရွက်ခဲ့ကြောင်း၊ လူငယ်များအနေဖြင့် ၁၂ တန်း ပညာရေးတွင် အောင်မြင်ခြင်းသည် ဘဝသစ်တစ်ခုကို လျှောက်လှမ်းရန် ခြေလှမ်းသစ်စခြင်းဖြစ်ပြီး ဆုံးခန်းတိုင် အောင် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ မိဘ၊ ဆရာနှင့်  ပတ်ဝန်းကျင်ကလည်း ပံ့ပိုးပေးရန် အရေးကြီးပါကြောင်း၊ နည်းပညာ တိုးတက်ထွန်းကားလာသည်နှင့်အမျှ နိုင်ငံတွင်းရှိ လူငယ်များအနေဖြင့်  နိုင်ငံတကာစံနှုန်းနှင့်အညီ ရင်ပေါင်တန်းနိုင်ရေး ကိုယ်ပိုင်အရည်အချင်း မြင့်မားနေစေရန် အစဉ်ကြိုးပမ်းလေ့လာကြရန်လိုကြောင်း၊ မိဘများအနေဖြင့် ငွေကုန်၊ အချိန်ကုန်ခံ၍ ပံ့ပိုးထောက်ပံ့ကြရသည့်အတွက် လူငယ်များအနေဖြင့်  လမ်းမှားမရောက်အောင် မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်တတ်ရန်နှင့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို လေးစားလိုက်နာပြီး နိုင်ငံအပေါ် ချစ်ခင်မှု၊ မိမိတို့လူမျိုး၏ ရိုးရာယဉ်ကျေးမှုကို လေးစားတန်ဖိုးထားတတ်ရန် အရေးကြီးကြောင်း မှာကြားခဲ့ပါသည်။

         ထို့နောက် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၌ ၃ ဘာသာဂုဏ်ထူးရရှိခဲ့သည့် ကျောင်းသူ ၁ ဦး အား ငွေကျပ် နှစ်သိန်း ငါးသောင်းကျပ်၊ ၂ ဘာသာဂုဏ်ထူးရရှိခဲ့သည့် ကျောင်းသား/ ကျောင်းသူ ၄ ဦးအား တစ်ဦး လျှင် ငွေကျပ် နှစ်သိန်းကျပ်၊ ၁ ဘာသာဂုဏ်ထူးရရှိခဲ့သည့် ကျောင်းသား/ကျောင်းသူ ၃ ဦး အား တစ်ဦးလျှင် ငွေကျပ် တစ်သိန်းငါးသောင်းကျပ် နှင့် ရိုးရိုးအောင်မြင်ခဲ့သူ ကျောင်းသား/ ကျောင်းသူ ၇ ဦးအား တစ်ဦးလျှင် ငွေကျပ် တစ်သိန်းကျပ်နှုန်းဖြင့် ဖြေဆိုအောင်မြင်သူ ၁၅ ဦး အား ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ကျောင်းသားကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးခွန်စွာအောင်မြင်ခဲ့သည့်

ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား မှတ်တမ်းဓာတ်ပုံများ



ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာပေးပွဲတွင် ကော်မရှင်ရုံးခွဲ(မော်လမြိုင်)မှ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများကိုယ်စား စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ခန့်အား ပညာရည်ချွန်ဆုပေးအပ်ချီးမြှင့်ခြင်း



ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာပေးပွဲတွင် ကော်မရှင်ရုံးခွဲ(ရန်ကုန်)မှ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကော်မရှင်ရုံးခွဲ(ရန်ကုန်)မှ ညွှန်ကြားရေးမှူး ဒေါ်မြတ်ဆုသင်းအား ပညာရည်ချွန်ဆုပေးအပ်ချီးမြှင့်ခြင်း



ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာပေးပွဲတွင် ကော်မရှင်ရုံးခွဲ(မန္တလေး)မှ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကော်မရှင်ရုံးခွဲ(မန္တလေး)မှ ညွှန်ကြားရေးမှူး ဦးအောင်ထူးမြင့်အား ပညာရည်ချွန်ဆုပေးအပ်ချီးမြှင့်ခြင်း



ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာပေးပွဲတွင် ကော်မရှင်ရုံးခွဲ(တောင်ကြီး)မှ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကော်မရှင်ရုံးခွဲ(တောင်ကြီး)မှ ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဝင်းအား ပညာရည်ချွန်ဆုပေးအပ်ချီးမြှင့်ခြင်း



ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာပေးပွဲတွင် ၂ ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား တစ်ဦးအား ပညာရည်ချွန်ဆုပေးအပ်ချီးမြှင့်ခြင်း



ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာပေးပွဲတွင် ၂ ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသူတစ်ဦးအား ပညာရည်ချွန်ဆုပေးအပ်ချီးမြှင့်ခြင်း



ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာပေးပွဲတွင် ၁ ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား တစ်ဦးအား ပညာရည်ချွန်ဆုပေးအပ်ချီးမြှင့်ခြင်း



ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာပေးပွဲတွင် ၁ ဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသူတစ်ဦးအား ပညာရည်ချွန်ဆုပေးအပ်ချီးမြှင့်ခြင်း



၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာပေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားခြင်း 


မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း

ဆက်စပ် သတင်းများ