အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲတော်ကျင်းပ

  • Tue, 22 July 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲတော်ကျင်းပ


အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က အဖွင့်အမှာစကားပြောကြားခြင်း


နေပြည်တော်၊ ဇူလိုင် ၂၂ ရက်


 အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို စတုရက္ခိတ (မိတ္ထီလာ) ကျောင်းတိုက်ဝင်းအတွင်းရှိ မြေကွက်လပ်၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

 မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက  သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ သာယာလှပစေရန်၊ သစ်တောသစ်ပင်များကို စိုက်ပျိုးပြုစုထိန်းသိမ်း တန်ဖိုးထားတတ်စေရန်၊ ရာသီဥတုမျှတစေရန်၊ နောင်အနာဂတ် မျိုးဆက်သစ်များအတွက် စိမ်းလန်းစိုပြေသည့် ပတ်ဝန်းကျင်အမွေအနှစ်ကောင်းများ ပေးစွမ်းနိုင်စေရန်၊ သစ်ပင်သစ်တောများ၏ စစ်မှန်သည့် တန်ဖိုးကို သိရှိနားလည်ပြီး သစ်ပင်စိုက်ပျိုးထိန်းသိမ်းရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ပူးပေါင်း ဆောင်ရွက်လိုစိတ်ရှိစေရန် ရည်ရွယ်၍ ကော်မရှင်အနေဖြင့် နှစ်စဉ်မိုးရာသီကာလ သစ်ပင်စိုက်ပျိုးပွဲတော်ကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်ရုံးအဖွဲ့နှင့် ဦးစီးဌာနများမှ တာဝန်ရှိသူများထံ ရတနာတန်းဝင် ကျွန်းပျိူးပင်များ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကော်မရှင်ဥက္ကဋ္ဌက ဦးဆောင်၍ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာများတွင် ရတနာတန်းဝင် ကျွန်းပျိုးပင် (၃၅၀)ပင်ကို စိုက်ပျိုးကြပြီး  သစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။




အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး

မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနား မှတ်တမ်းဓာတ်ပုံများ


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အမြဲတမ်းအတွင်းဝန် ဦးထိန်လင်းအား

ရတနာတန်းဝင် ကျွန်းပျိုးပင်အား ပေးအပ်ခြင်း




အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက စီမံရေးရာဦးစီးဌာန၊

ညွှန်ကြားရေးမှူးချုပ် ဦးလွင်အောင် အား ရတနာတန်းဝင် ကျွန်းပျိုးပင်အား ပေးအပ်ခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်အား ရတနာတန်းဝင် ကျွန်းပျိုးပင်အား ပေးအပ်ခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊

ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်း အား ရတနာတန်းဝင် ကျွန်းပျိုးပင်အား ပေးအပ်ခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက ရတနာတန်းဝင် ကျွန်းပျိုးပင်အား စိုက်ပျိုးခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်း က

ရတနာတန်းဝင် ကျွန်းပျိုးပင်အား စိုက်ပျိုးခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ကော်မရှင်အဖွဲ့ဝင်များ က ရတနာတန်းဝင် ကျွန်းပျိုးပင်အား စိုက်ပျိုးခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ကော်မရှင်အဖွဲ့ဝင်များ က ရတနာတန်းဝင် ကျွန်းပျိုးပင်အား စိုက်ပျိုးခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ က ကော်မရှင်ရုံးဝန်ထမ်းများ ရတနာတန်းဝင် ကျွန်းပျိုးပင်အား စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေးခြင်း

ဆက်စပ် သတင်းများ