အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ၂၀၂၅ ခုနှစ်၊ မိုးရာသီ ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနား ကျင်းပ
- Fri, 18 July 2025
ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က မိုးရာသီ ငါးမျိုးစိတ်စိုက်ထည့်ရန်အတွက် ငါးမျိုးစိတ်များကို အမြဲတမ်းအတွင်းဝန် ဦးထိန်လင်းအား ပေးအပ်ခြင်း
နေပြည်တော်၊ ဇူလိုင် ၁၈ ရက်
ပြည်ထောင်စုနယ်မြေအတွင်းရှိ မြစ်၊ ချောင်း၊ ဆည်တမံများအတွင်း ငါးသယံဇာတများ တိုးပွားလာစေရေး၊ ငါးမျိုးပြုန်းတီးမှု မဖြစ်ပေါ်စေရေး၊ သဘာဝရေပြင်နှင့် ကန်များတွင် ငါးမျိုးများ ရေရှည်စဉ်ဆက်မပြတ် တည်တံ့ခိုင်မြဲပြီး ငါးသယံဇာတ ပေါကြွယ်ဝစေရေး၊ နိုင်ငံတော်၏ ငါးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးနိုင်ရန်ရည်ရွယ်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ မိုးရာသီ ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာကန်တော်၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေး၊ ကော်မရှင်အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပြီး ငါးမြစ်ချင်းနှင့် ငါးခုံးမ ငါးသားပေါက်ကောင်ရေ (၁၀၀၀၀)အား မင်္ဂလာကန်တော်အတွင်းသို့ ငါးမျိုးစိတ်များ စိုက်ထည့်ခဲ့ကြပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် မိုးရာသီ ငါးမျိုးစိတ်စိုက်ထည့်ပွဲ အခမ်းအနား မှတ်တမ်းဓာတ်ပုံများ
ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က မိုးရာသီ ငါးမျိုးစိတ်စိုက်ထည့်ရန်အတွက် ငါးမျိုးစိတ်များကို ညွှန်ကြားရေးမှူးချုပ် ဦးလွင်အောင်အား ပေးအပ်ခြင်း
ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က မိုးရာသီ ငါးမျိုးစိတ်စိုက်ထည့်ရန်အတွက် ငါးမျိုးစိတ်များကို ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်အား ပေးအပ်ခြင်း
ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က မိုးရာသီ ငါးမျိုးစိတ်စိုက်ထည့်ရန်အတွက် ငါးမျိုးစိတ်များကို ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်းအား ပေးအပ်ခြင်း
ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ ကော်မရှင်အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များက မင်္ဂလာကန်အတွင်းသို့ ငါးမျိုးစိတ်များ စိုက်ထည့်ခြင်း
ကော်မရှင်ရုံးမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက မင်္ဂလာကန်အတွင်းသို့ ငါးမျိုးစိတ်များ စိုက်ထည့်ခြင်း
ကော်မရှင်ရုံးမှ အရာထမ်း၊ အမှုထမ်းများက မင်္ဂလာကန်အတွင်းသို့ ငါးမျိုးစိတ်များ စိုက်ထည့်ခြင်း