နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား ကျင်းပပြုလုပ်

  • Thu, 17 July 2025

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား ကျင်းပပြုလုပ်


အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က အဖွင့်အမှာစကားပြောကြားခြင်း


ဇူလိုင်လ   ၁၇   ရက်

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအနေဖြင့် အဂတိလိုက်စားမှုဖြစ်မြောက်နိုင်သည့် ကိစ္စရပ်များ၊ အဂတိလိုက်စားမှုကြောင့် နိုင်ငံတော်ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးမှုများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှုများကို ရှောင်ကြည်လာနိုင်စေရန် ရည်ရွယ်၍ ယခုအခမ်းအနားကို စီစဉ်ဆောင်ရွက်‌ပေးရခြင်း ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုဟာ နိုင်ငံ တော် ဖွံ့ဖြိုးရေးကဏ္ဍများကို အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ များစွာအဟန့်အတားတစ်ခု ဖြစ်ပေါ်စေသည့်အတွက် ကောင်းမွန်သည့် အစိုးရတစ်ရပ်၊ သန့်ရှင်းသည့် အစိုးရတစ်ရပ် ဖော်‌ဆောင်ရာ၌ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အဂတိကင်းရှင်းအောင် ကျင့်ကြံဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) ကို ဒုတိယဝန်ကြီးက ဦးဆောင်၍ လုပ်ငန်းတာဝန် ၃ ရပ်နှင့် လုပ်ငန်းအစီအစဉ် ၆ ရပ်တို့ကို အခြားသောဝန်ကြီးဌာနများနည်းတူ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ပူး‌ပေါင်းစီစဉ်ရိုက်ကူးထားသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးစကားဝိုင်း ဆွေးနွေးပွဲမှတ်တမ်းများကို မိမိတို့ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ ရုံးများနှင့် သင်တန်းကျောင်းများသို့ ကြည့်ရှုမှတ်သားနိုင်ရေး ဖြန့်ဝေထားရှိသည့်အတွက် မိမိတို့ ဝန်ထမ်းများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နေကြပြီး ဖြစ်ပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံနှင့် ပြည်သူတို့အတွက် စေတနာထားပြီး ရိုးသား၊ ကြိုးစား၊ သစ္စာရှိသည့် ဝန်ထမ်းကောင်းများအဖြစ် အဂတိတရားကင်းရှင်းစွာဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်ထမ်းဆောင်ပြီး ကောင်းမွန်ပြီးဖြစ်သည့် ဝန်ကြီး ဌာန၏ ပုံရိပ်ကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အများပြည်သူ အကျိုးဖော်ဆောင်ရာ၌ ပေးအပ်ထားသည့် ရာထူးနှင့် လုပ်ပိုင် ခွင့်များကိုသုံးပြီး ဆုံးဖြတ်ချက်ချရာတွင် မိမိအကျိုးနှင့် အများအကျိုးအကြား လွန်ဆွဲရာမှ ကိုယ်ကျိုးအတွက် အလေးထားဆုံးဖြတ်လိုက်မည်ဆိုပါက အကျိုး စီးပွား ပဋိပက္ခ (Conflict of Interest) မှတစ်ဆင့် အဂတိလိုက်စားမှု မြောက်သွားနိုင်မည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုကြောင့် နိုင်ငံ၏ အရင်းအမြစ်များ၊ စီမံခန့်ခွဲမှုများ၊ လွဲမှားမှုများဖြစ်ပေါ်ကာ အခြေခံပြည်သူများအတွက် ဆိုးကျိုးများကို ဖြစ်ပေါ်စေပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်မှစ၍ ကဏ္ဍအသီးသီးမှ ပုဂ္ဂိုလ်များအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။

ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမျိုးလွင်ဦးက လည်းကောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်းက လည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။

         ဆက်လက်၍နေ့လယ်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းဦးဆောင်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှတာဝန်ရှိသူများနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့် ဦးဆောင်သည့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CUP) တို့တွေ့ဆုံကာ အဖွဲ့၏ လုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်များ၊ အားနည်းချက်များနှင့် စပ်လျဉ်း၍ သုံးသပ်ဆွေးနွေးခဲ့ကြပါသည်။



နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့  ပူးပေါင်းဆောင်ရွက်သည့်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား မှတ်တမ်းဓာတ်ပုံများ



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေး က

အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဌာနခွဲ (၂) မှ

ညွှန်ကြားရေးမှူး ဦးမျိုးလွင်ဦး က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်း က

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ စုံစမ်းစစ်ဆေးရေးကဏ္ဍနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း



ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း ခေါင်းဆောင်၍ CPU အဖွဲ့များနှင့် တွေ့ဆုံခြင်း


အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း

ဆက်စပ် သတင်းများ