အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၌ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြပွဲ အခမ်းအနားကျင်းပ
- Fri, 27 June 2025
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူက အမှိုက်အမျိုးအစားအလိုက် စနစ်တကျ ခွဲခြားစွန့်ပစ်ရေးနှင့်
အမှိုက်ပုံးအရောင်ခွဲခြားသတ်မှတ်ခြင်းအား ရှင်းလင်းဆွေးနွေးခြင်း
နေပြည်တော်၊ ဇွန် ၂၇
အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ရုံးအမှတ် (၅၆) ၌ ကျင်းပရာ ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အဆင့်မြင့်အရာရှိများ၊ အရာထမ်းများ၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် နေပြည်တော်စည်ပင် သာယာရေးကော်မတီ၊ သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ တာဝန်ရှိသူက ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကာကွယ်ပြီး သယံဇာတအရင်းအမြစ်များကို ထိထိရောက်ရောက် အကျိုးပြုစေရေး ဆောင်ရွက်နိုင်ရန် အန္တရာယ်ကင်းသော စွန့်ပစ်ပစ္စည်းဖြစ်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက် ဘေးအန္တရာယ်ရှိသော အမှိုက်များအား နေအိမ်၊ ရုံး၊ အဆောင်၊ ရပ်ကွက်များ၌ အမှိုက်အမျိုးအစားလိုက် စနစ်တကျ ခွဲခြားစွန့်ပစ်နိုင်ရေးနှင့် အမှိုက်ပုံးအရောင်ခွဲခြား သတ်မှတ်ခြင်းအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ကော်မရှင်ရုံး ဝန်ထမ်းများက အမှိုက်များကို အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်၊ ဘေးအန္တရာယ် ရှိသော အမှိုက်ဟူ၍ ခွဲခြားသရုပ်ပြ စွန့်ပစ်ခဲ့ကြပါသည်။