အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားဝန်ထမ်းများကို လူမှုဖူလုံရေးအဖွဲ့ ရွေ့လျားဆေးကုသယာဉ်(MMU) ဖြင့် ကျန်းမာရေးဆေးကုသမှုဆောင်ရွက်ပေးခြင်း
- Thu, 5 June 2025
နေပြည်တော်၊ ဇွန်လ ၅ ရက်
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်ရာတွင် ပိုမိုထိရောက်မှုရှိစေရန် ဘေးမခအထွေထွေရောဂါကုဆေးခန်းမှ ရောဂါရှာဖွေရေးဓါတ်ခွဲဌာနတို့ ပူးပေါင်း၍ ရွေ့လျားဆေးကုသယာဉ် Mobile Medical Unit (MMU)ဖြင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ အကျုံးဝင်အလုပ်ဌာနများမှ အာမခံအလုပ်သမားများအား လုပ်ငန်းခွင်မပျက် ဌာနအရောက် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိရာ လူမှုဖူလုံရေးအဖွဲ့ ရွေ့လျားဆေးကုသယာဉ်(MMU)မှ တာဝန်ခံဆရာဝန်အပါအဝင် ဝန်ထမ်း (၁၅)ဦးတို့သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးရှိ လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားဝန်ထမ်း (၁၂၂)ဦး တို့အား ၅-၆-၂၀၂၅ ရက် (ကြာသပတေးနေ့) နံနက် ၀၉:၃၀ နာရီ အချိန်မှစ၍ လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုနှင့် ဆေးဝါးကုသမှုများ၊ ဓါတ်ခွဲစစ်ဆေးမှုများနှင့် နှလုံးအတွက် ECG စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။
၅-၆-၂၀၂၅ ရက်နေ့တွင် လူမှုဖူလုံရေးအဖွဲ့ ရွေ့လျားဆေးကုသယာဉ်(MMU) ဖြင့် ကျန်းမာရေးဆေးစစ်ဆေးဆောင်ရွက်ပေးမှုနှင့် ပတ်သက်သည့် မှတ်တမ်းဓါတ်ပုံများ