အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေး တည်ဆောက်လျက်ရှိသည့် ဘာရှာအဆောက်အအုံနှင့် Modular House များ နေရာချထားမှုအားလှည့်လည်ကြည်ရှု့စစ်ဆေး
- Tue, 3 June 2025
ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က တည်ဆောက်လျက်ရှိသည့် ဘာရှာအဆောက်အအုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးခြင်း
နေပြည်တော်၊ ဇွန်လ ၃ ရက်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေး သည် ယနေ့နံနက်ပိုင်းတွင် ငလျင်ဒဏ်ခံစားခဲ့ရသည့် ကော်မရှင်ရုံးဝန်ထမ်းများ လတ်တလောနေထိုင်ရေး အဆင်ပြေစေရန် ရုံးဝင်းအတွင်းရှိ ကားရပ်နားရန်နေရာနှင့် ထမင်းစားဆောင်ရှိ ယာယီအခန်းငယ်များ၌ နေရာချထားမှု အခြေအနေနှင့် ရုံးဝင်းအတွင်းရှိ မြေလွတ်၊ မြေရိုင်းများကို စနစ်တကျပြုပြင်၍ တည်ဆောက်လျက်ရှိသည့် ဘာရှာအဆောက်အအုံနှင့် ရေ၊ မီး၊ မိလ္လာ၊ Modular House ပြီးစီးမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် မွန်းလွဲပိုင်းတွင် ငလျင်ဒဏ်ခံစားခဲ့ရသည့် ဝန်ထမ်းများအတွက် ဥက္ကဋ္ဌ ဒေါ်မြတ်မြတ်ဦး ဦးစီးသည့် မြတ်ဖောင်ဒေးရှင်းအဖွဲ့နှင့် ရုပ်ရှင်၊ တေးဂီတ၊ အနုပညာရှင်များမှ ဒုတိယအကြိမ်အဖြစ် ငွေကျပ်သိန်းတစ်ရာ ထပ်မံပေးအပ်လှူဒါန်းသည့် အခမ်းအနားသို့ တက်ရောက်၍ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကော်မရှင်ဥက္ကဋ္ဌက တည်ဆောက်လျက်ရှိသည့်ဘာရှာအဆောက်အအုံနှင့် Container House များနေရာချထားမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခြင်း မှတ်တမ်းဓာတ်ပုံများ
ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က Container House များနေရာချထားမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခြင်း
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး မြတ်ဖောင်ဒေးရှင်းအဖွဲ့က ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့် ကော်မရှင်ရုံးဝန်ထမ်းများအား ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနား
အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က မိတ်ဆက်စကားပြောကြားခြင်း
မြတ်ဖောင်ဒေးရှင်းအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြတ်မြတ်ဦး က ကျေးဇူးတင်စကားပြောကြားခြင်း
မြတ်ဖောင်ဒေးရှင်းအဖွဲ့က ကော်မရှင်ရုံးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးထံသို့ ပေးအပ်လှူဒါန်းခြင်း
ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက မြတ်ဖောင်ဒေးရှင်းအဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်း ပြန်လည်ပေးအပ်ခြင်း