အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး ပညာသင်ထောက်ပံ့ငွေပေးအပ်ပွဲနှင့်ဝန်ထမ်းများတွေ့ဆုံပွဲကျင်းပ

  • Mon, 2 June 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး ပညာသင်ထောက်ပံ့ငွေပေးအပ်ပွဲနှင့်ဝန်ထမ်းများတွေ့ဆုံပွဲကျင်းပ


အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က အဖွင့်အမှာစကားပြောကြားခြင်း

နေပြည်တော်၊ ဇွန် ၂

   အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကော်မရှင်ရုံးအဖွဲ့၊ ဦးစီးဌာနများနှင့်ကော်မရှင်ရုံးခွဲများမှ ဝန်ထမ်းများ၏ သားသမီး ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ ပေးအပ်ပွဲနှင့် ဝန်ထမ်းများတွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀:၀၀ နာရီ အချိန်တွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ ကော်မရှင်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။ 

      အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အဖွင့်အမှာစကား ပြောကြားရာ၌ နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးအတွက် ထည့်ဝင်သည့် ရင်းနှီးမြှုပ်နှံမှုကြီးမားပါကြောင်း၊ ကော်မရှင်အနေဖြင့်လည်း ကျောင်းသား၊ ကျောင်းသူတစ်ဦးလျှင်  ကျပ် (၃၀၀၀ဝိ/-)နှုန်းဖြင့် ပေးအပ် ထောက်ပံ့နိုင်ရန် ကော်မရှင်အဖွဲ့မှ ထည့်ဝင်လှူဒါန်း၍ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ မိဘများအနေဖြင့်လည်း ပညာရေးကို အားပေးကြရန်လိုကြောင်း ပြောကြားခဲ့ပြီး ပညာသင် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူကြပါသည်။

      ၎င်းနောက် ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ လစဉ်ထောက်ပံ့မှုဖြင့် ဇွန်လအတွက် “မိဘနှင့် သားသမီး၊ ဆရာနှင့် တပည့် လစဉ်စောင့်ရှောက်ထောက်ပံ့ကူညီမှုအစီအစဉ်” အရ အမှုထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ကော်မရှင်အတွင်းရေးမှူးက ပေးအပ်ခဲ့ကာ ကော်မရှင်ဥက္ကဋ္ဌ က နိဂုံးချုပ်စကား ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

    ကော်မရှင်အနေဖြင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်အဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ငွေများကို နှစ်စဉ် ထောက်ပံ့ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူ (၂၃၄) ဦးအတွက် (၁)ဦးလျှင် (၁၀၀၀ဝိ/-) နှုန်းဖြင့် ငွေကျပ် (၂၃၄၀၀၀ဝိ/-) ကိုလည်းကောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူ (၂၃၈) ဦးအတွက် (၁)ဦးလျှင် (၃၀၀၀ဝိ/-)နှုန်းဖြင့် ငွေကျပ် (၇၁၄၀၀၀ဝိ/-) ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်။



ပညာသင်ထောက်ပံ့ကြေးကို အမြဲတမ်းအတွင်းဝန် ဦးထိန်လင်းအား ပေးအပ်ခြင်း


ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က စီမံရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၏ သားသမီးများအတွက် ပညာသင်ထောက်ပံ့ကြေးကို
ညွှန်ကြားရေးမှူးချုပ် ဦးလွင်အောင်အား ပေးအပ်ခြင်း


ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ သားသမီးများအတွက်
ပညာသင်ထောက်ပံ့ကြေးကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထက်အား ပေးအပ်ခြင်း


ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ သားသမီးများ အတွက် ပညာသင်ထောက်ပံ့ကြေးကို
ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်းအား ပေးအပ်ခြင်း


ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်းက ကော်မရှင်ရုံးအဖွဲ့မှဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို
အမြဲတမ်းအတွင်းဝန် ဦးထိန်လင်းအား ပေးအပ်ခြင်း


ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်းက စီမံရေးရာဦးစီးဌာနမှဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို
ညွှန်ကြားရေးမှူးချုပ် ဦးလွင်အောင်အား ပေးအပ်ခြင်း


ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်းက နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအတွက်
ထောက်ပံ့ပစ္စည်းများကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထက်အား ပေးအပ်ခြင်း


ကော်မရှင်အတွင်းရေးမှူး ဦးတင်ဆွေဝင်းက စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွေးအား ပေးအပ်ခြင်း

ဆက်စပ် သတင်းများ