အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးတို့ ပူးပေါင်း၍ Video Conference Expert Meeting အားကျင်းပ

  • Wed, 28 May 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးတို့ ပူးပေါင်း၍ Video Conference Expert Meeting အားကျင်းပ


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ အမြဲတမ်းအတွင်းဝန် ဦးထိန်လင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးတို့ ပူးပေါင်းကျင်းပသည့် Video Conference Expert Meeting အခမ်းအနား

 

နေပြည်တော်၊ မေ ၂၇

မြန်မာနိုင်ငံ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးတို့ လက်မှတ်ရေးထိုးခဲ့သည့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အစီအစဉ် (၂၀၂၄-၂၀၂၆) အရ “အကျိုးစီးပွားပဋိပက္ခ၊ ဝင်ငွေနှင့် အသုံးစရိတ်များအား ဖွင့်ဟကြေညာခြင်းတို့နှင့် စပ်လျဉ်းသည့် အကြောင်းအရာများအပါအဝင် အဂတိလိုက်စားမှုများအား တားဆီးကာကွယ်ခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ စည်းမျဉ်းဥပဒေပြဋ္ဌာန်းမှုများနှင့် ဥပဒေမူကြမ်းများအား စစ်ဆေးအကဲဖြတ်ခြင်း” ခေါင်းစဉ်ဖြင့် ကျွမ်းကျင်ပညာရှင်များအစည်းအဝေးကို ၂၇-၅-၂၀၂၅ ရက် (အင်္ဂါနေ့) တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၌ Online Format ဖြင့် ကျင်းပခဲ့သည်။

အစည်းအဝေးကို ၁၃:၃၀ နာရီအချိန်တွင် ကျင်းပခဲ့ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ အမြဲတမ်းအတွင်းဝန် ဦးထိန်လင်းက ယခုအစည်းအဝေးသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနယ်ပယ်တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာလာစေရန်နှင့် တန်ဖိုးမဖြတ်နိုင်သည့် အတွေ့အကြုံများ ဆောင်ရွက်ချက်များ မျှဝေနိုင်ရန်အတွက် အရေးကြီးသည့် ဆောင်ရွက်ချက်ဖြစ်ကြောင်း၊ အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မည့် စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့တွင် ပိုမိုထိရောက်စွာ ပူးပေါင်းပါဝင် လက်တွဲဖော်ဆောင် သွားရန် မျှော်လင့်ပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အစည်းအဝေးသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးမှ ကျွမ်းကျင်ပညာရှင်များ၊ ကော်မရှင်မှ အဆင့်မြင့်အရာရှိကြီးများနှင့် အရာထမ်းများ တက်ရောက်ခဲ့ကြသည်။ 

ဆက်လက်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးမှ Department of Supervision over Compliance with Anti-Corruption Laws ၏ ဒုတိယအကြီးအကဲဖြစ်သူ YUSUFOV Aslan Shikhzdayevich က Moderator ပြုလုပ်ပြီး Senior Prosecutor, VENETSKIY Mikhail Mikhailovich က “အစိုးရအရာရှိများ၏ အသုံးစရိတ်များသည် ၎င်းတို့၏ဝင်ငွေနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းနယ်ပယ်တွင် အစိုးရရှေ့နေများက ၎င်းတို့၏ အခွင့်အာဏာများကို ကျင့်သုံးခြင်းအလေ့အထများ” နှင့်စပ်လျဉ်း၍ လည်းကောင်း၊ Senior Prosecutor, ILYIN Aleksandr Andreyevich က “အကျိုးစီးပွား ပဋိပက္ခများတားဆီးကာကွယ်ခြင်းနှင့် ဖြေရှင်းခြင်းနယ်ပယ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများ အကောင်အထည်ဖော်မှုအပေါ် အစိုးရရှေ့နေများ၏ ကြီးကြပ်ကွပ်ကဲမှုအလေ့အကျင့်” နှင့် စပ်လျဉ်း၍လည်းကောင်း၊ Senior Prosecutor, TARASOVA Diana Mikhailovna က “တည်ဆဲဥပဒေနှင့် ဥပဒေမူကြမ်းများတွင် အဂတိလိုက်စားမှုအန္တရာယ်များကို ဖော်ထုတ်မှုအလေ့အကျင့်” နှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးခဲ့ပြီး အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ခင်ဖြူပွင့်က “အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပြဋ္ဌာန်းခဲ့မှုများနှင့်  စိစစ်ပြင်ဆင်ခဲ့မှုများ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးလင်းဝေအောင်က “ဝင်ငွေရလမ်းနှင့်ပိုင်ဆိုင်မှု ဖွင့်ဟကြေညာခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်းက “အဂတိလိုက်စားမှုအန္တရာယ်ရှိမှုများအား ဆန်းစစ်လေ့လာခြင်း” ခေါင်းစဉ်နှင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပါသည်။ 

ယင်းနောက် အစည်းအဝေးကို ၁၆:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးတို့ ပူးပေါင်းကျင်းပသည့်

Video Conference Expert Meeting အခမ်းအနားမှတ်တမ်းဓာတ်ပုံများ



အခမ်းအနားတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ်ရုံး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဉပဒေလိုက်နာဆောင်ရွက်မှု ကြီးကြပ်ရေးဌာန ဒုတိယအကြီးအကဲ Mr.Yusufov Aslan မှ အစိုးရရှေ့နေချုပ်ရုံး၏ အခန်းကဏ္ဍ ခေါင်းစဉ်အား ဖတ်ကြားရှင်းလင်းခြင်း


မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ အမြဲတမ်းအတွင်းဝန် ဦးထိန်လင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ဝင်ငွေရလမ်းနှင့်ပိုင်ဆိုင်မှုဖွင့်ဟ ကြေညာခြင်း၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ခြင်း၊အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပြဋ္ဌာန်းခြင်းနှင့် ပြင်ဆင်ခြင်းတို့နှင့် စပ်လျဉ်း၍ ဖတ်ကြားရှင်းလင်းခြင်း

ဆက်စပ် သတင်းများ