အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌက ဘာရှာအဆောက်အအုံများတွင် နေထိုင်သည့် ဝန်ထမ်းများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် မြတ်ဖောင်ဒေးရှင်းအဖွဲ့က ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့် ကော်မရှင်ရုံးဝန်ထမ်းများအား ထောက်ပံ့ငွေ ပေးအပ်လှူဒါန်းခြင်း
- Fri, 16 May 2025
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ကော်မရှင်ဥက္ကဋ္ဌက ဘာရှာအဆောက်အအုံများတွင် နေထိုင်သည့် ဝန်ထမ်းများအား ကြည့်ရှုစစ်ဆေးခြင်း
နေပြည်တော်၊ မေ ၁၆
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့် ကော်မရှင်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ကော်မရှင်ရုံး၊ ရုံးအမှတ် (၅၆) ၌ တည်ဆောက်ထားသည့် ယာယီအဆောက်အအုံများတွင် ဝန်ထမ်းများ နေရာချထားမှု၊ ထပ်မံဆောက်လုပ်လျက်ရှိသည့် ဘာရှာအဆောက်အအုံ ပြီးစီးမှုအခြေအနေနှင့် တရုတ်နိုင်ငံမှ ကူညီထောက်ပံ့သည့် Container House များ ထားရှိမည့် မြေနေရာချထားမှုတို့အား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး နေ့လယ်ပိုင်းတွင် မြတ်ဖောင်ဒေးရှင်းအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မြတ်မြတ်ဦး ဦးစီးသည့်အဖွဲ့က ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းသည့် အခမ်းအနားသို့ တက်ရောက်၍ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင် ပစ္စည်းများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။