အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် မြန်မာနှစ်ဆန်း ၁ရက်နေ့ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲနှင့် အန္တရာယ်ကင်း ပရိတ်တရားတော်များနာယူခြင်း အခမ်းအနားကျင်းပ

  • Thu, 17 April 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် မြန်မာနှစ်ဆန်း ၁ရက်နေ့ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲနှင့် အန္တရာယ်ကင်း ပရိတ်တရားတော်များနာယူခြင်း အခမ်းအနားကျင်းပ


ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ဇီဝိတဒါနအဖြစ် စုပေါင်းငါးလွှတ်ရန်အတွက် ငါးမျိုးစိတ်များကို အမြဲတမ်းအတွင်းဝန် ဦးထိန်လင်းအား ပေးအပ်ခြင်း


နေပြည်တော်၊ ဧပြီ ၁၇

       မြန်မာနှစ်ဆန်း ၁ ရက်နေ့ နံနက် ၀၈း၀၀ နာရီတွင်  ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများက ဇီတိတဒါန ငါးပေါက်များကို နေပြည်တော် နာရီစင်အနီး မင်္ဂလာကန်အတွင်း စုပေါင်းငါးလွှတ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ ညနေ ၁၅း၃၀ နာရီတွင် အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူသည့် အခမ်းအနားကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများက သံဃာတော် အရှင်သူမြတ်တို့ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ပင့်သံဃာတော် အရှင်သူမြတ်တို့က အန္တရာယ်ကင်း ပရိတ်တရားတော်များ ချီးမြှင့်ကာ ကမ္မဝါစာများကို ရွတ်ဖတ်သရဇ္ဈယ်ကြသည်။ ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများက လှူဖွယ်ဝတ္ထု ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး ရေစက်သွန်းချ အမျှပေးဝေကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲအခမ်းအနား မှတ်တမ်းဓာတ်ပုံများ


ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ဇီဝိတဒါနအဖြစ် စုပေါင်းငါးလွှတ်ရန်အတွက် ငါးမျိုးစိတ်များကို ညွှန်ကြားရေးမှူးချုပ် ဦးလွင်အောင်အား ပေးအပ်ခြင်း


ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ဇီဝိတဒါနအဖြစ် စုပေါင်းငါးလွှတ်ရန်အတွက် ငါးမျိုးစိတ်များကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထက်အား ပေးအပ်ခြင်း


ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ဇီဝိတဒါနအဖြစ် ငါးလွှတ်ရန်အတွက် ငါးမျိုးစိတ်များကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွေးအား ပေးအပ်ခြင်း


ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ဇီဝိတဒါန ငါးသားပေါက်များကို မင်္ဂလာကန်အတွင်းသို့ လွှတ်ပေးခြင်း


ကော်မရှင်အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင်များက ဇီဝိတဒါန ငါးသားပေါက်များကို မင်္ဂလာကန်အတွင်းသို့ လွှတ်ပေးခြင်း

 

ကော်မရှင်ရုံးအရာထမ်း၊ အမှုထမ်းများက ဇီဝိတဒါန ငါးသားပေါက်များကို မင်္ဂလာကန်အတွင်းသို့ လွှတ်ပေးခြင်း

ဆက်စပ် သတင်းများ