အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲ ကျင်းပ
- Thu, 10 April 2025
အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က အဖွင့်အမှာစကားပြောကြားခြင်း
နေပြည်တော်၊ ဧပြီ ၁၀
၂၀၂၅ ခုနှစ်၊ ၊ ဧပြီ ၁၀ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲသို့ ကော်မရှင်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းများနှင့် အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲ၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေး၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းများနှင့် အမှုထမ်းများက ပြင်းထန်ငလျင်ကြောင့် အသက်ဆုံးရှုူံးသူများအတွက် ၁ မိနစ် ငြိမ်သက် ဂါရဝပြုခဲ့ကြပါသည်။
ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အမှာစကားပြောကြားရာ၌ ငလျင်ဒဏ်ကြောင့် ကော်မရှင်ရုံး အဆောက်အအုံအနေဖြင့် များစွာထိခိုက်မှု မရှိကြောင်း၊ ငလျင်ဒဏ်သင့်ဝန်ထမ်းများကို တတ်နိုင်သလောက် ထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိပြီး ကော်မရှင်ရုံးတွင် ငလျင်ဘေးသင့် ဝန်ထမ်းများနေထိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ပြီး နေရာချထားရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ထမ်းများအတွက် သောက်သုံးရေနှင့် စားနပ်ရိက္ခာများကို ထောက်ပံ့ပေးသည့်အပြင် ကော်မရှင်ရုံးတွင် လာရောက်နေထိုင်သည့် ဝန်ထမ်းများကို စားရိပ်သာတွင် ချက်ပြုတ် ကျွေးမွေးလျက်ရှိကြောင်း၊ လစာမထုတ်နိုင်သည့် ဝန်ထမ်းများကို ကြိုတင်ငွေများ ထုတ်ပေးနိုင်ခဲ့ကြောင်း၊ နေပြည်တော်၊ မန္တလေးရုံးရှိ ငလျင်ဒဏ်သင့်ဝန်ထမ်းများကို ငွေကြေးအားဖြင့် တစ်ဦးလျှင် ၈၀၀၀ဝိ/- ကျပ်နှုန်း ထောက်ပံ့ ပေးနိုင်ခဲ့ကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းများ ပီသစွာဖြင့် နိုင်ငံ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ကော်မရှင်ဉက္ကဋ္ဌက၊ ဧပြီလအတွက် “မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့် လစဉ် စောင့်ရှောက်ထောက်ပံ့ကူညီမှုအစီအစဉ်” အရ အမှုထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ကော်မရှင်ရုံးအဖွဲ့၊ စီမံရေးရာဦးစီးဌာန၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေး ဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များထံ ပေးအပ်ခဲ့ပြီး ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်
ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်ရုံးဝန်ထမ်းများ တွေ့ဆုံပွဲအခမ်းအနား မှတ်တမ်းဓာတ်ပုံများ
ပြင်းထန်ငလျင်ကြောင့် အသက်ဆုံးရှုံးသူများအတွက် ၁ မိနစ် ငြိမ်သက်ဂါရဝပြုခြင်း
ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ကော်မရှင်ရုံးအဖွဲ့မှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို အမြဲတမ်းအတွင်းဝန်
ဦးထိန်လင်း အား ပေးအပ်ခြင်း
ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က စီမံရေးရာဦးစီးဌာနမှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ညွှန်ကြားရေးမှူးချုပ်
ဦးလွင်အောင် အား ပေးအပ်ခြင်း
ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး
က နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို
ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့် အား ပေးအပ်ခြင်း
ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ အမှုထမ်းဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများကို ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်း အား ပေးအပ်ခြင်း