အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌ ဦးစစ်အေး ကော်မရှင်ရုံးခွဲ(တောင်ကြီး)မှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များမှာကြားကာ ဝန်ထမ်းတစ်ဦးချင်းထံသို့ ထောက်ပံ့ငွေများပေးအပ်

  • Sun, 20 April 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌ ဦးစစ်အေး ကော်မရှင်ရုံးခွဲ(တောင်ကြီး)မှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များမှာကြားကာ ဝန်ထမ်းတစ်ဦးချင်းထံသို့ ထောက်ပံ့ငွေများပေးအပ်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌ ဦးစစ်အေး ကော်မရှင်ရုံးခွဲ(တောင်ကြီး)မှ ဝန်ထမ်းများနှင့်တွေ့ဆုံခြင်း

            အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌ ဦးစစ်အေးသည် ၂၀-၄-၂၀၂၅ ရက်နေ့ ၁၄၁၅ အချိန်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ကော်မရှင်ရုံးခွဲ (တောင်ကြီး)သို့ ရောက်ရှိခဲ့ပြီး ရုံးခွဲ ဝန်ထမ်းများနှင့်တွေ့ဆုံကာ “ဝန်ထမ်းတစ်ဦးချင်းစီအနေဖြင့် အရည်အချင်းပြည့်ဝအောင် ကြိုးစားဆောင်ရွက်ကြရန်၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် လုပ်ငန်းတာဝန်များကို  ကျေပွန်စွာထမ်းဆောင်ကြရန်၊ ပေးအပ်သည့်တာဝန်များကို ဖြောင့်မတ်တည်ကြည်မှုရှိရှိဖြင့် စိတ်ကောင်းနှလုံးကောင်းထားရှိကာ ဆောင်ရွက်သွားကြရန်၊ ကော်မရှင်ကျင့်ဝတ်ပါ စံနှုန်းများနှင့်အညီ နိုင်ငံ့ဝန်ထမ်းများအကြား စံနမူနာပြုထိုက်သူများ ဖြစ်စေရေး အကောင်းဆုံးနေထိုင်ပြုမူပြောဆို လုပ်ကိုင်ဆောင်ရွက်ကြရန်” မှာကြားခဲ့ပါသည်။

            ၎င်းနောက် ကော်မရှင်ဥက္ကဌက ဝန်ထမ်းတစ်ဦးချင်းစီနှင့် ရင်းရင်းနှီးနှီး‌ တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ရှမ်းပြည်နယ်သည်လည်း ငလျှင်ဒဏ်ခံရသည့်ဒေသတွင် ပါဝင်သည့်အတွက် ဝန်ထမ်းတစ်ဦးလျှင် ငါးသောင်းကျပ်နှုန်းဖြင့် ဝန်ထမ်း ၁၂ ဦးအတွက် ထောက်ပံ့ငွေစုစုပေါင်း ကျပ်ခြောက်သိန်းတိတိ ကို ပေးအပ်ခဲ့ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌ ဦးစစ်အေး ကော်မရှင်ရုံးခွဲ(တောင်ကြီး)မှ ဝန်ထမ်းတစ်ဦးချင်းထံသို့ ထောက်ပံ့ငွေများ ပေးအပ်ခြင်း

ဆက်စပ် သတင်းများ