အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ငလျင်ဘေးဒဏ်ခံစားရသော ဝန်ထမ်းများအား နေရာချထားမှုနှင့် ရုံးအဆောက်အဦခိုင်ခံ့မှု ရှိ/မရှိကိုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာနနှင့် ပူးပေါင်းစစ်ဆေး
- Sun, 6 April 2025
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးတွင် နေထိုင်ကြသည့် ငလျင်ဘေးဒဏ်ခံစားရသော ဝန်ထမ်းများအား ကြည့်ရှုအားပေးခြင်း
နေပြည်တော်၊ ဧပြီလ ၆ ရက်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် ကော်မရှင်ရုံးတွင် လာရောက်နေထိုင်ကြသည့် ငလျင်ဘေးဒဏ်ခံစားရသော ဝန်ထမ်းများအား နေရာချထားမှုနှင့် လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်နိုင်ရန် ကြည့်ရှုအားပေးခဲ့ကြကာ ရုံးအဆောက်အဦခိုင်ခံ့မှု ရှိ/မရှိကိုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာနနှင့် ပူးပေါင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး အဆောက်အဦခိုင်ခံ့မှုအား ကြည့်ရှုစစ်ဆေးခြင်း