အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဆရာ/ ဆရာမများ မွမ်းမံသင်တန်းတွင် အသိပညာပေးဆွေးနွေးမှုအစီအစဉ်များကျင်းပ

  • Tue, 25 March 2025

 နေပြည်တော်၊ မတ် ၂၅ 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာရရှိစေရန်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် နိုင်ငံ့ဝန်ထမ်းများ ပူးပေါင်းပါဝင်လာစေရန်၊ အဂတိလိုက်စားမှုကို လုံးဝလက်မခံသည့် လူမှုအသိုက်အဝန်းတစ်ခု တည်ဆောက်ရာတွင် အဓိကကျသည့် ဆရာ/ဆရာမများ၏အခန်းကဏ္ဍကို မြှင့်တင်ရန်အတွက် ပညာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သည့် ဆရာ/ဆရာမမွမ်းမံသင်တန်းများတွင် အသိပညာပေး ဆွေးနွေးခြင်း အစီအစဉ်များကို  နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မော်လမြိုင်မြို့နှင့် တောင်ကြီးမြို့တို့ရှိ အခြေခံပညာကျောင်းများတွင်ဆရာ၊ ဆရာမများကို “ပညာရေးမှတစ်ဆင့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ခြင်းဖြင့် အဂတိလိုက်စားမှုကို တိုက်ဖျက်ခြင်း” ခေါင်းစဉ်ဖြင့် အသိပညာပေး အစီအစဉ်များ ဆောင်ရွက်ခဲ့ကြပါသည်။



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဆရာ/ဆရာမမွမ်းမံ သင်တန်းများ၌ ပညာရေးမှတစ်ဆင့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ခြင်းဖြင့် အဂတိလိုက်စားမှုကိုတိုက်ဖျက်ခြင်း အသိပညာပေး ဆွေးနွေးမှုမှတ်တမ်းဓာတ်ပုံများ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နေပြည်တော်၊ ကော်မရှင်ရုံးခွဲ(ရန်ကုန်)၊ ကော်မရှင်ရုံးခွဲ(မန္တလေး)၊ ကော်မရှင်ရုံးခွဲ(တောင်ကြီး)နှင့်ကော်မရှင်ရုံးခွဲ(မော်လမြိုင်)တို့မှ ဝန်ထမ်းများက ဆရာ၊ ဆရာမမွမ်းမံသင်တန်းများတွင် “ပညာရေးမှတစ်ဆင့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ခြင်းဖြင့် အဂတိလိုက်စားမှုကိုတိုက်ဖျက်ခြင်း” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေး

ဆက်စပ် သတင်းများ