အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ Artificial Intelligence (AI) နည်းပညာဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပ

  • Tue, 18 March 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊  Artificial Intelligence (AI) နည်းပညာဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပ


အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က အဖွင့်အမှာစကားပြောကြားခြင်း


နေပြည်တော်၊ မတ် ၁၈ ရက်

        အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ Artificial Intelligence (AI) နည်းပညာဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်၊ ၁၃:၀၀ တွင် ကျင်းပခဲ့ရာ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အဖွင့်အမှာစကားပြောကြားရာ၌ ယနေ့အချိန်တွင် (AI) နည်းပညာသည် လူသားများ၏ ဘဝနေထိုင်မှုပုံစံအတွက် အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်လာကြောင်း၊ ဝန်ထမ်းများအနေဖြင့် ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်နေသည့် နည်းပညာရေစီးကြောင်းတွင် နောက်ကျမကျန်ခဲ့စေရန်အတွက် ဉာဏ်ရည်တုနည်းပညာ (AI) နှင့်ပတ်သက်သည့် အသိပညာပေးဆွေးနွေးခြင်းကို ကျင်းပပေးခြင်းဖြစ်ကြောင်း၊ Artificial Intelligence (AI) ဆိုသည်မှာ လူသားများအတွက် ဝန်ဆောင်မှုပေးနိုင်ရန် ရုပ်ဝတ္တုပစ္စည်းများကို လူသားများကဲ့သို့ ဉာဏ်ရည်ဉာဏ်သွေး အသုံးပြုလျက် လုပ်ဆောင်နိုင်စေရန် ဖန်တီးတီထွင်ထားသော ကွန်ပျူတာသိပ္ပံဘာသာရပ်တစ်ခုဖြစ်ကြောင်း၊ (AI) နည်းပညာကိုအသုံးချ၍ ဘာသာရပ်အားလုံးကို လေ့လာနိုင်ကြောင်း၊ AI Application များကို အသုံးပြု၍ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း၊ ဆက်သွယ်ရေးနှင့် ဝန်ဆောင်မှုကဏ္ဍစသည့် ကဏ္ဍစုံတွင် အသုံးပြုလျက်ရှိကြောင်း၊ (AI) နည်းပညာအသုံးပြု၍ အချက်အလက်များ ဆန်းစစ်လေ့လာနိုင်ခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ ဘာသာပြန်ခြင်း စသည့် လူသားများကဲ့သို့ လုပ်ဆောင်နိုင်သည့်အတွက် အသုံးဝင်သည့် နည်းပညာတစ်ခုဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပြောင်းလဲတိုးတက်လာသည့် နည်းပညာများကို ကြိုးစားလေ့လာကြရန် တိုက်တွန်းလိုကြောင်း၊ AI နည်းပညာသည် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည် ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် အထောက်အကူပြုနိုင်ပြီး အကြပ်အတည်းများနှင့် ကြုံတွေ့ရသည့်အချိန်များတွင် မှန်ကန်သည့် ဆုံးဖြတ်ချက်ချမှတ်နိုင်ရေးအတွက် AI နည်းပညာအကူအညီဖြင့် သုံးသပ်နိုင်ခြင်းတို့ကြောင့် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများတွင် တွင်ကျယ်စွာ အသုံးပြုလာကြသည်ကို တွေ့ရှိရကြောင်း၊ AI နည်းပညာအသုံးပြု၍ လုပ်ငန်းများကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်သကဲ့သို့ တစ်ဖက်တွင်လည်း ကျင့်ဝတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုများ၊ ခြိမ်းခြောက်မှုများရှိနိုင်ကြောင်း၊ သတင်းအချက်အလက်လုံခြုံမှုရှိရေးကိုလည်း ဂရုပြုရမည်ဖြစ်ကြောင်း၊ ဆိုးကျိုးအနေဖြင့် AI နည်းပညာစနစ် တိုးတက်လာခြင်းကြောင့် လူသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးလာနိုင်ပြီး လူမှုရေးဆိုင်ရာ ကိုယ်ရေးကိုယ်တာကိစ္စရပ်များကိုပါ ထိခိုက်စေနိုင်ကြောင်း၊ လူသားများအနေဖြင့် AI စနစ်ကို အလွန်အမင်း အားကိုးလာခြင်းကြောင့် လူ၏စဉ်းစားတွေးခေါ်နိုင်စွမ်းနှင့် ဖန်တီးနိုင်စွမ်းများလည်း လျော့နည်းလာနိုင်ကြောင်း၊ ယခုကဲ့သို့ အသိပညာပေးခြင်းဖြင့် ဝန်ထမ်းများအတွက်  AI ၏ အခြေခံသဘောတရားများ၊ နိုင်ငံတကာတွင် AI နည်းပညာအသုံးချမှုများ၊ AI စွမ်းဆောင်ရည်များ၊ AI Tools များကိုအသုံးချ၍ တီထွင်ဖန်တီးမှုများ၊ Ethical ဆိုင်ရာကျင့်ဝတ်များ၊ စံသတ်မှတ်ချက်များ၊ AI Tools အသုံးပြုမှုနှင့်ပတ်သက်၍ လုံခြုံရေးအရ သတိပြုရမည့်အချက်များကို သိရှိနားလည်နိုင်မည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းခွင်တွင် AI နည်းပညာကို လက်တွေ့အသုံးချနိုင်ရန်နှင့် ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် စဉ်ဆက်မပြတ် လေ့လာဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်အောင်က AI & Law Enforcement: History Technologies & Legal Perspectives ခေါင်းစဉ်နှင့်စပ်လျဉ်း၍လည်းကောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ Polytechinc University (ထားဝယ်) မှ တွဲဖက်ပါမောက္ခ ဒေါက်တာကြည်လဲ့လဲ့ခိုင် က Ethical Concern with Today AI ခေါင်းစဉ်နှင့်စပ်လျဉ်း၍လည်းကောင်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သဉ္ဇာမေဖူးဝေ က Unlocking the Power of AI ခေါင်းစဉ်နှင့်စပ်လျဉ်း၍လည်းကောင်း၊ ပြင်ပနည်းပညာရှင် ဦးမိုးသန့်ဦး (Myday Application) က AI for Social E- Commerce ခေါင်းစဉ်နှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးခဲ့ရာ အခမ်းအနား တက်ရောက်လာကြသည့် ကော်မရှင်ရုံးဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

၎င်းနောက် ကော်မရှင်ဥက္ကဋ္ဌ က နိဂုံးချူပ်အမှာစကားပြောကြားကာ အခမ်းအနားကို (၁၆:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ကြပါသည်။



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် Artificial Intelligence (AI) နည်းပညာဆိုင်ရာ အသိပညာပေးရှင်းလင်း ဆွေးနွေးခြင်း အခမ်းအနား မှတ်တမ်းဓာတ်ပုံများ


ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်အောင်က AI Law Enforcement: History Technologies & Legal Perspectives ခေါင်းစဉ်နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ Polytechnic University (ထားဝယ်)မှ တွဲဖက်ပါမောက္ခ ဒေါက်တာကြည်လဲ့လဲ့ခိုင်က Ethical Concern with Taday AI ခေါင်းစဉ်နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သဉ္စာမေဖူးဝေက Unlocking the Power of AI ခေါင်းစဉ်နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း


ပြင်ပနည်းပညာရှင် ဦးမိုးသန့်ဦး(Myday Application)က AI for Social E-Commerce ခေါင်းစဉ်နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့်တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က သိရှိလိုသည်များ မေးမြန်းခြင်း


သိရှိလိုသည့်မေးခွန်းများနှင့်စပ်လျဉ်း၍ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်အောင်က ပြန်လည်ဖြေကြားခြင်း


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းထွန်းက သိရှိလိုသည်များ မေးမြန်းခြင်း


သိရှိလိုသည့်မေးခွန်းများနှင့်စပ်လျဉ်း၍ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်အောင်က ပြန်လည်ဖြေကြားခြင်း


အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း

ဆက်စပ် သတင်းများ