အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ Cryptocurrency အကြောင်း သိကောင်းစရာ အသိပညာပေးစကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

  • Thu, 19 December 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊  Cryptocurrency အကြောင်း သိကောင်းစရာ  အသိပညာပေးစကားဝိုင်းဆွေးနွေးပွဲ ကျင်းပ


အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေး က အဖွင့်အမှာစကားပြောကြားခြင်း


နေပြည်တော်၊ ဒီဇင်ဘာ ၁၉

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ “Cryptocurrency အကြောင်း သိကောင်းစရာ” အသိပညာပေး စကားဝိုင်းဆွေးနွေးပွဲ ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့၊ နံနက် ၀၉: ၃၀ တွင် စတင်ကျင်းပခဲ့ရာ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အဖွင့်အမှာစကား ပြောကြားရာ၌ မိမိမှာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ ဒုတိယဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူရသူဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force- FATF) ၏ Recommendation 15 နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရန် တာဝန်ရှိသည့်အတွက် ငွေကြေးခဝါချမှုများ၊ အကြမ်းဖက်အဖွဲ့အစည်းများအား ငွေကြေးထောက်ပံ့မှုများ၊ တရားမဝင်မှောင်ခိုရောင်းဝယ်မှုများ၊  အဂတိလိုက်စားမှုများပြုရာတွင် Cryptocurrency ကို  အသုံးပြုလာကြကြောင်း၊ အဂတိလိုက်စားမှုများမှ ရရှိလာသည့် ငွေကြေးများကို အသွင်ပြောင်း၍ Cryptocurrency များတွင် ရင်းနှီးမြုပ်နှံခြင်းများဖြင့် ငွေကြေးခဝါချမှု ကျူးလွန်ခြင်းများ ဖြစ်ပွားလာနိုင်သဖြင့် ကော်မရှင်ရုံးနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ ဝန်ထမ်းများအား Cryptocurrency နှင့်စပ်လျဉ်း၍ အသိပညာပေးရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ မျက်မှောက်ကာလတွင် ဂိုဏ်းဖွဲ့ပြစ်မှုကျူးလွန်သူများအနေဖြင့် ပြစ်မှုကျူးလွန်ရာမှရရှိသည့် ငွေကြေးနှင့် ပစ္စည်းများကို ဖုံးကွယ်ရန်အပြင် ငွေကြေးလွှဲပြောင်းမှုများ ဆောင်ရွက်သည့်အခါ ခြေရာခံ၍မရစေရန် Cryptocurrency ကို ကျယ်ပြန့်စွာ အသုံးပြုလာကြကြောင်း၊ စုံစမ်းစစ်ဆေးရေးအရာရှိများသည် Cryptocurrency နှင့်ပတ်သက်၍ အတွေ့အကြုံ၊ ဗဟုသုတ၊ စွမ်းဆောင်ရည်များရှိရန် လိုအပ်ကြောင်း၊ နိုင်ငံတကာစံနှုန်း သတ်မှတ်ချက်အရ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေး အဖွဲ့ (FATF) ၏ အကြံပြုချက်အမှတ် ၁၅ အရ နိုင်ငံနှင့်ငွေရေးကြေးရေး အဖွဲ့အစည်းများအနေဖြင့် “Virtual asset” နှင့် “Virtual asset service provider” များမှတစ်ဆင့် ဆက်နွယ်ဖြစ်ပေါ်လာ စေသည့် Money Loundering ၊ Terrorist Financing ၊ Proliferation Financing များကို အကဲဖြတ်နိုင်ရန် လိုအပ်ကြောင်း၊ Cryptocurrency အပါအဝင် Virtual asset များကို ထိန်းချုပ်ခြင်း၊ နိုင်ငံ့ဘဏ္ဍာ သိမ်းဆည်းခြင်းများ ဆောင်ရွက်ရာတွင် နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီသည့် ဥပဒေမူဘောင် ချမှတ်ခြင်း၊ အဖွဲ့အစည်းများအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဝိုင်းဝန်း ဆွေးနွေးအဖြေရှာနိုင်ရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်အောင်က Cryptocurrency နှင့်စပ်လျဉ်းသည့် သမိုင်းကြောင်း၊ One Pay Co.ltd မှ Project Director ဖြစ်သူ ဦးနေဝင်း က Cryptocurrency ၏ အားသာချက်၊ အားနည်းချက်များ၊ ငွေကြေးဆိုင်ရာမှုခင်း တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူး၊ ရဲမှူးကြီး မြင့်စိုး က Cryptocurrency နှင့် စပ်လျဉ်း၍ Financial Action Task Force- FATF အကြံပြုချက်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ထက်ထက်အောင်က အဂတိလိုက်စားမှုနှင့် ဆက်နွယ်နေသည့် Cryptocurrency  အကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ညွှန်ကြားရေးမှူးများ ဖြစ်ကြသည့် ဒေါ်ကြေးမုံနှင့် ဒေါ်နှင်းထက်ထက်ဝင်းတို့မှ   Virtual Cryptocurrency များနှင့်စပ်လျဉ်းသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ အခမ်းအနား တက်ရောက်လာကြသည့် ဧည့်သည်တော်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

အခမ်းအနားသို့ ကော်မရှင် အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာလင်းအောင်နှင့် ကော်မရှင်ရုံးမှ အဆင့်မြင့်အရာရှိကြီးများ၊ အရာထမ်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

၎င်းနောက် စကားဝိုင်းဆွေးနွေးပွဲမှ ရရှိလာသည့် ရလဒ်များနှင့်စပ်လျဉ်း၍ ဖတ်ကြားတင်ပြခဲ့ပြီး ကော်မရှင်ဥက္ကဋ္ဌ က နိဂုံးချူပ်အမှာစကား ပြောကြားကာ အခမ်းအနားကို (၁၆:၄၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ "Crypto Currency အကြောင်း သိကောင်းစရာ" စကားဝိုင်းဆွေးနွေးပွဲအစီအစဉ် မှတ်တမ်းဓာတ်ပုံများ

အခမ်းအနားတွင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်အောင် က Cypto Currency နှင့် စပ်လျဉ်းသည့် သမိုင်းကြောင်းအား ရှင်းလင်းဆွေးနွေးခြင်း

အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့် က ဆွေးနွေးမှုများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခြင်း

အခမ်းအနားတက်ရောက်လာသော ဝန်ထမ်းတစ်ဦးမှ ဆွေးနွေးမှုများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခြင်း

စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း

အခမ်းအနားတွင် မြန်မာနိုင်ငံ​တော်ဗဟိုဘဏ်မှ ညွှန်​ကြား​ရေးမှူး ​ဒေါ်​ကြေးမုံက ရှင်းလင်း​ဆွေး​နွေးခြင်း

ဆက်စပ် သတင်းများ