အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် လက်မှတ်ရေးထိုး၊ စွန့်ဉီးတီထွင်သူများနှင့် ရင်းနှီးမြှုပ်နှံသူများ၏ အခွင့်အရေးများကို အကာအကွယ်ပေးရန်

  • Tue, 10 September 2024

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် လက်မှတ်ရေးထိုး၊ စွန့်ဉီးတီထွင်သူများနှင့် ရင်းနှီးမြှုပ်နှံသူများ၏ အခွင့်အရေးများကို အကာအကွယ်ပေးရန်


နေပြည်တော်၊ ၊  စက်တင်ဘာ ၁၀ 

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ် H.E.Mr.Igor Krasnov ထံမှ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့တွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်မှ ၆ ရက်အထိကျင်းပပြုလုပ်သည့် (၉) ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ် ( 9th  Eastern Economic Forum –  EEF ) သို့ တက်ရောက်ခဲ့ပါသည်။ စက်တင်ဘာ ၄ ရက်တွင်  အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အား ဖိုရမ်၏ ဆက်စပ်အစီအစဉ်အဖြစ် လက်မှတ်ရေးထိုးခဲ့ရာ နှစ်နိုင်ငံအကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ ပညာရပ်ဆိုင်ရာအရင်းအမြစ်များ ဖလှယ်နိုင်ခြင်း၊ နိုင်ငံတကာအလေ့အထကောင်းများ သိရှိလေ့လာကျင့်သုံးနိုင်ခြင်းနှင့် ဝန်ထမ်းများအား ဘာသာရပ်ဆိုင်ရာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုများကို ရရှိလာစေနိုင်မည်ဖြစ်ပါသည်။

    ယင်းနောက် စက်တင်ဘာ ၅ ရက်တွင် စွန့်ဉီးတီထွင်သူများနှင့် ရင်းနှီးမြှုပ်နှံသူများ၏ အခွင့်အရေးများကို အကာအကွယ်ပေးရန် ရည်ရွယ်ကျင်းပသည့် ဆွေးနွေးပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက  အဂတိလိုက်စားမှုသည် မျှတစွာယှဉ်ပြိုင်နိုင်သည့် ဈေးကွက်စီးပွားရေးစနစ်၏ အဓိကပြဿနာတစ်ရပ်ဖြစ်ပါကြောင်း၊ ယင်းပြဿနာကိုဖြေရှင်းရန် စွန့်ဉီးတီထွင်သူများနှင့် ရင်းနှီးမြှုပ်နှံသူများကို အပြည့်အဝ အကာအကွယ်ပေးရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုကို လုံးဝလက်သင့်မခံသည့် လူမှုအသိုက်အဝန်းပေါ်ပေါက်လာစေရန် ရည်ရွယ်၍ မဟာဗျူဟာစီမံချက်များချမှတ်ပြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး၊ အသိပညာပေးရေးနှင့် စုံစမ်းစစ်ဆေးအရေးယူဆောင်ရွက်ခြင်းတို့ကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်ရာတွင် ကဏ္ဍအားလုံးပူးပေါင်းပါဝင်ကြရန် အရေးကြီးကြောင်းဆွေးနွေးပြောကြားခဲ့ပါသည်။


ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးမှ ရှေ့နေချုပ် Mr.Igor Krasnov တို့က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အစီအစဉ်လက်မှတ်ရေးထိုးခြင်း



ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးမှ ရှေ့နေချုပ် Mr. Igor Krasnov တို့က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် အပြန်အလှန်ပေးအပ်ခြင်း



အခမ်းအနားတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးမှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကိုယ်စားလှယ်များ တက်ရောက်ခြင်း



ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးမှ ရှေ့နေချုပ် Mr. Igor Krasnov အား အမှတ်တရလက်ဆောင်ပေးအပ်ခြင်း



ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးမှ ရှေ့နေချုပ် Mr. Igor Krasnov က ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး အား အမှတ်တရလက်ဆောင်ပေးအပ်ခြင်း



အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့တွင် ကျင်းပသည့် နဝမအကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်(9th Eastern Economic Forum- 9th EEF 2024) သို့ တက်ရောက်ပြီး Panelist အဖြစ် ပါဝင်ဆွေးနွေးခြင်း 


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့တွင် ကျင်းပသည့် နဝမအကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်(9th Eastern Economic Forum- 9th EEF 2024) သို့ တက်ရောက်ပြီး Panelist အဖြစ် ပါဝင်ဆွေးနွေးခြင်း 

ဆက်စပ် သတင်းများ