သတိပေးချက်။

- မည်သူမဆို ခိုင်လုံသော အကြောင်းမရှိဘဲ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား နစ်နာစေရန် ရည်ရွယ်၍ မမှန်မကန် သတင်းပို့ခြင်း၊ တိုင်တန်းခြင်း ပြုလုပ်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၉ အရ ထောင်ဒဏ် (၃) နှစ် ချမှတ်ခံရနိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်ခံရနိုင်ပါသည်။
- အကယ်၍ e-Complaint စနစ်ဆောင်ရွက်ရာတွင် အခက်အခဲများကြုံတွေ့ရပါက accm@accm.gov.mm သို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။

တိုင်ကြားစာပုံစံ ဖြည့်သွင်းခြင်း

ဤတိုင်ကြားစာပုံစံသည် နစ်နာသူက အွန်လိုင်းမှ တစ်ဆင့် တိုင်ကြားနိုင်ပါသည်။ မိမိ တိုင်ကြားခဲ့သော တိုင်ကြားစာ ၏ အနှစ်ချုပ်ကို ပြန်လည် ကြည့်ရှုနိုင်ပါသည်။

ဖြစ်နိုင်ပါက၊တိုင်ကြားသူအနေဖြင့် တိုင်ကြားစာတွင် အောက်ပါ အချက်အလက်များအား ထည့်သွင်းသင့်ပါသည်။

- မည်သည့်နေရာ၊ မည်သည့် အချိန်တွင် အဂတိ လိုက်စား မှုက မည်သို့ ဖြစ်ပွားခဲ့သည်။

- မည်သူပါဝင်ခဲ့သည်။

- ၎င်းကို မည်သည့်အတွက်ကြောင့် အဂတိလိုက်စားမှု ဟု ယူဆသည်။

တိုင်ကြားစာပေးပို့ရန် အခြားနည်းများ


၁။ လူကိုယ်တိုင်လာရောက်တိုင်တန်းခြင်း

ရုံးဖွင့်ချိန်
တနင်္လာနေ့မှ သောကြာနေ့ထိ (တရားဝင်ရုံးပိတ်ရက်များ မပါ)
မနက် ၁၀ နာရီမှ ညနေ ၃ နာရီထိ


၂။ စာတိုက်မှပေးပို့ရမည့် လိပ်စာ

ဥက္ကဋ္ဌ
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၊
ရုံးအမှတ် (၅၆)၊ ဇေယျဌာနီလမ်း၊
ဉတ္တရသီရိမြို့နယ်၊ နေပြည်တော်။

ပထမ အသုံးပြုသူ

ဆက်လက်ဆောင်ရွက်ရန်

တိုင်ကြားစာအပေါ် ကော်မရှင်၏ ဆောင်ရွက်ပုံ

အဆင့်(၁)

- တိုင်ကြားစာအား လက်ခံခြင်း။

အဆင့်(၂)

- ရရှိသည့် တိုင်ကြားစာအား တိုင်ကြားစာ စိစစ်သုံးသပ်ရေးကော်မတီသို့ စိစစ်နိုင်ရန်ပေးပို့ခြင်း။

အဆင့်(၃)

- သတင်းအချက်အလက် ထပ်မံလိုအပ်ပါက တိုင်ကြားသူအား အကြောင်းကြား အသိပေးခြင်း။

အသုံးပြုဖူးသူ

- ယခင်က တင်သွင်းခဲ့ဖူးသော တိုင်ကြားစာ အနှစ်ချုပ်အား ပြန်ကြည့်ရန်။

- အဆိုပါတိုင်ကြားစာတွင် အသေးစိတ် ထပ်မံ ထည့်သွင်းရန်။

- အခြားတိုင်ကြားစာ ပေးပို့ရန်။