လက်ခံတွေ့ဆုံမှု

ရန်ကုန် နိုဝင်ဘာ ၂၇

-----------------------------

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ကော်မရှင် အဖွဲ့ဝင် ဦးစိုးတင့်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် လုပ်ငန်းစစ်ဆေးရေးကော်မရှင် (Yunnan Provincial Commission of Supervision) မှ အဖွဲ့ဝင် Mr Shang Junping ဦးဆောင်သောအဖွဲ့အား  ၂၇-၁၁-၂၀၁၉ ရက်နေ့ နေ့လည် ၁၄:၃၀ အချိန်တွင် ရန်ကုန်မြို့ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးခွဲ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့သည်။

နေပြည်တော်၊ စက်တင်ဘာ ၁၈

          အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး H.E Mr.John Nielsen နှင့် အဖွဲ့အား ယနေ့ နေ့လည်(၁:၃၀)နာရီတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေ သံအမတ်ကြီး H.E. Ms. Tone Tinnes အား ယနေ့ (၁၄:၃၀) နာရီတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါသည်။

နေပြည်တော်၊ ဇွန်လ (၂၇) ရက်

-----------------------------

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်နိုင်ငံ သံအမတ်ကြီး Mr. Steve Marshall နှင့် နယူးဇီလန်နိုင်ငံမှ Chief Ombudsman, Mr. Peter Boshier တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် (၀၉:၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံပါသည်။