အရေးယူဆောင်ရွက်မှု သတင်းများ

နေပြည်တော် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ( ၂ )ရက်

+++++++++++++++++

          မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာအုပ်စုတွင် တပ်မတော်မှ ပြန်လည်စွန့်လွှတ် ခဲ့သည့် သိမ်းဆည်းခံလယ်ယာမြေ ကွင်းအမှတ် (၁၁၄၃)၊ ဦးပိုင်အမှတ် (၈/၁၅)၊ (၈/၁၆)၊ (၉/၁၇)၊ (၁၄)၊ (၈)ရှိ လယ်မြေ (၄၅၃)ဧကနှင့်ပတ်သက်၍ မူလလယ်ပိုင်ရှင်များက ပြန်လည်ရရှိရေး အဆင့်ဆင့်တိုင်ကြားခဲ့သည့်အပေါ် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဒုတိယဦးစီးမှူး (ဦးစီးမှူးတာဝန်) ဦးဝင်းအောင်က (၁)ဧကလျှင် (၁)သိန်းနှုန်း ပေးပါက ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း ပြောဆို၍ ငွေကျပ် သိန်း (၅၀) ပေးခဲ့ရသည့်အပေါ် အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။

နေပြည်တော် ဩဂုတ်လ( ၃၀ )ရက်

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ ညောင်ပင်သာအုပ်စု၊ တောင်တန်းကျွန်းစုတွင် တစ်ရွာတည်းနေသူမှ ဓားဖြင့်ခုတ်ခဲ့သဖြင့် တရားခံအား မြို့နယ် တရားသူကြီးမှ ထောင်ဒဏ် (၂)နှစ်ချမှတ်ခဲ့မှုအပေါ် ကျေနပ်မှုမရှိ၍ ပြင်ဆင်မှုတက်ရန်ကိစ္စအား ကူညီမည်ဟုဆိုပြီး ငွေကြေးတောင်းခံခဲ့သော ထီးချိုင့်မြို့နယ်တရားရုံးမှ ဘိလစ်စာရေးအား အရေးယူပေးပါရန် ဤကော်မရှင်သို့တိုင်ကြားခဲ့ပါသည်။

နေပြည်တော် ဩဂုတ်လ(၂၃)ရက်

မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းသည် မိုးညိုမြို့နယ်အတွင်းရှိ အင်းသားကြီး (၉)ဦးအား နောက်ထပ်အင်းသက်တမ်း(၃)နှစ် ကြေးတိုင်ရအောင် တာဝန်ယူလုပ်ပေးမည်ဟု ပြောကြား၍ ငွေကြေးများတောင်းယူပြီး ကိုယ်ကျိုး အလွဲသုံးခြင်းအား စစ်ဆေးအရေးယူပေးပါရန် ဤကော်မရှင်သို့တိုင်ကြားခဲ့ပါသည်။

နေပြည်တော် ဇူလိုင်လ(   ၁၇  )ရက်

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာ အုပ်စု၊ ပိတောက်ခုံရပ်တွင် ငွေစုခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ် နှစ်လုံး၊ သုံးလုံး (ချဲထီ) ရောင်းသည်ဟုဆိုကာ ဝင်ရောက် ဖမ်းဆီးခဲ့ပြီး အမှုဖွင့် အရေးယူခဲ့သည့်ကိစ္စတွင် ငွေကြေး တောင်းခံရယူခဲ့သည့် ကိုးတောင်ဘို့ရဲကင်းမှူးအား အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။