ACC Law (mm) ACC Law (eng)
ACC Rules (mm) ACC Rules (eng)
UNCAC Law (mm) UNCAC Law (eng)
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို
စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေ
(၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၀ ။)
၁၃၈၀ ပြည့်နှစ်၊ ပထမဝါဆိုလဆန်း ၉ ရက်
(၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၁ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ အခန်း(၁)ခေါင်းစဉ်ကို အောက်ပါအတိုင်း အစားထိုးရမည်-
"အမည်၊ စတင်အာဏာတည်ခြင်း၊ စီရင်ပိုင်ခွင့်အာဏာနှင့် အဓိပ္ပါယ်ဖော်ပြချက်"
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ
(၂၀၁၇ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၈။)
၁၃၇၉ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက်
(၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်)
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ
(၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၃။)
၁၃၇၈ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၀ ရက်
(၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်)
၁။ ဤဥပဒေကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ ဟု ခေါ်တွင်စေရမည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ
(၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃၂။)
၁၃၇၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၂ ရက်
(၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်)
၁။ ဤဥပဒေကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။
၂။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတွင်ပါရှိသော “လာဘ်ပေးလာဘ်ယူမှု” ဆိုသည့် စကားရပ် ကို “အဂတိလိုက်စားမှု” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ “လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး” ဆိုသည့် စကားရပ်ကို “အဂတိလိုက်စားမှုတိုက်ဖျက်ရေး” ဆိုသည့် စကားရပ်ဖြင့် လည်းကောင်း အသီးသီး အစားထိုးရမည်။