အလုပ်ရုံဆွေးနွေးပွဲ

ရန်ကုန်၊ နိုဝင်ဘာ ၁၉

          အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ အရှေ့တောင်အာရှနှင့် ပစိဖိတ် ဒေသ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) နှင့် မြန်မာနိုင်ငံရှိ UNODC ရုံးတို့ ပူးပေါင်း၍ ခက်ခဲရှုပ်ထွေးသော နယ်စပ်ဖြတ်ကျော် အဂတိလိုက်စားမှု ဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲအား ယနေ့နံနက်(၀၉:၃၀)နာရီတွင် ရန်ကုန်မြို့၊ Park Royal Hotel ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။

နေပြည်တော် ဇူလိုင် ၁

----------------------------

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ နှင့် နယူးဇီလန် နိုင်ငံသံရုံး၊ Ombudsman Office တို့ ပူးပေါင်း၍ တိုင်ကြားမှု ကိုင်တွယ်ဖြေရှင်းရေး ယန္တရားဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ (Workshop on Complaint Handling Mechanisms) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၀၉:၀၀)နာရီတွင် နေပြည်တော် M Gallery Hotel ၌ ကျင်းပသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်း၍ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၏ နည်းပညာအကူအညီဖြင့် “အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာ ဖြောင့်မတ်တည်ကြည်မှု” ခေါင်းစဉ်ဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဘားအံမြို့၊ သီရိဘားအံ ဟိုတယ်၌ ကျင်းပသည်။