နောက်ဆုံးရသတင်း

ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် ဦးဆောင်သည့် ပြည်ထောင်စုတရားလွှတ်တော်၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့မှ ကိုယ်စားလှယ်များ၊ မီဒီယာနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေး လေ့လာရေးအဖွဲ့သည် အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်ရီပြည်နယ်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်ဆက်စပ်သော လုပ်ငန်းများကို ဇန်နဝါရီလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ လေ့လာဆွေးနွေးခဲ့သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးတွင် လစ်လပ်လျက်ရှိသော ဒုတိယစုံစမ်းရေးမှူး ရာထူး(၂၅)နေရာ၊ လက်ထောက်စုံစမ်းရေးမှူးရာထူး(၃၀)နေရာနှင့် ဒုတိယလက်ထောက်ဦးစီးမှူး  ရာထူး(၈၀)နေရာအတွက် အရည်အချင်းစစ် ရေးဖြေအောင်မြင်သူများအား လူတွေ့စစ်ဆေးခြင်း၊ ကွန်ပျူတာကျွမ်းကျင်မှုစစ်ဆေးခြင်းနှင့် စိတ်အခြေအနေ စစ်ဆေးခြင်းများကို ၂၅-၁၁-၂၀၁၉  ရက်နေ့မှ ၁-၁၂-၂၀၁၉ ရက်နေ့အထိ  ပြုလုပ်ခဲ့ပြီး ရာထူးနေရာအလိုက် ရွေးချယ်ခံရသူ(၁၃၅)ဦး၏ ခုံအမှတ် များအား အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်-

နေပြည်တော် ဒီဇင်ဘာလ( ၂၇ )ရက်

++++++++++++++++++++++++

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့သို့ ကျောက်သဲတင် ဖောကားဖြင့် ပျဉ်းကတိုး ၂ တန် ခန့်အား သယ်ဆောင်လာစဉ် ၂-၂-၂၀၁၉ ရက်နေ့ နံနက် ၃:၃၀ အချိန်တွင် တောင်ငူ မြို့မစခန်းမှ နယ်ထိန်း ဒုတိယရဲအုပ် ဟန်လင်းအောင် ပါ တပ်ဖွဲ့ဝင် (၈)ဦးက တောင်ငူမြို့ အဝင် အဝေးပြေးယာဉ် ရပ်နားစခန်းအနီး၌ ဖမ်းဆီးပြီး လာဘ်ငွေတောင်းခံသဖြင့် ပေးခဲ့ရခြင်းအား အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။