နောက်ဆုံးရသတင်း

နေပြည်တော်၊ ဒီဇင်ဘာလ

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် နေပြည်တော်ကောင်စီ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး UNODC တို့နှင့် ပူးပေါင်း၍ ဒီဇင်ဘာ ၉ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် ယနေ့ နံနက်(၀၉:၀၀)နာရီ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားသည်။

နေပြည်တော်၊ ဒီဇင်ဘာလ ၉
++++++++++++++++++++++

 

၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ပထမပိုင်းအစီအစဉ်ကို ၉-၁၂-၂၀၁၉ ရက်နေ့တွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွ န်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အဖွင့်မိန့်ခွန်းပြောကြားခြင်း၊ ကော်မရှင် ဥက္ကဋ္ဌက အဂတိလိုက်စားမှု တိုက်ဖျက်ရေးမဟာဗျူဟာ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေ ရှင်းလင်းတင်ပြခြင်း၊ မြန်မာနိုင်ငံမှ FAO ဌာနေကိုယ်စားလှယ်က ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ အမှုဆောင်ဒါရိုက်တာ ပေးပို့သည့် သဝဏ်လွှာ ဖတ်ကြားခြင်း၊ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခြင်းနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးပြခန်းအား ကြည့်ရှုအားပေးခဲ့ပါသည်။

မန္တလေး နိုဝင်ဘာ ၂၈

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး(UNODC)၏ နည်းပညာအကူအညီဖြင့် ဖွင့်လှစ်သော ဖြောင့်မတ် တည်ကြည်မှု လူငယ်စခန်း ၂/၂၀၁၉ စခန်းသိမ်းပွဲ အခမ်းအနားကို ယနေ့ညနေ (၃)နာရီ အချိန်တွင် မန္တလေးမြို့၊ ရွှေပြည်သာဟိုတယ်၊ သာရတနာမင်္ဂလာခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ အခမ်း အနားတွင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား ကျင့်ဝတ်လိုက်နာသူအဖြစ် အသိအမှတ်ပြု လက်မှတ်များကို ကော်မရှင်ဥက္ကဋ္ဌကလည်းကောင်း၊ သင်တန်းဆင်းလက်မှတ်များကို ကော်မရှင်အဖွဲ့ဝင် ဒေါ်အေးအေးမူက လည်းကောင်း၊ တက္ကသိုလ်/ကောလိပ်များမှ ကိုယ်စားလှယ် တစ်ဦးစီအား ပေးအပ်ခဲ့ပါသည်။

မန္တလေး နိုဝင်ဘာ ၂၇

-------------------

၂၆-၁၁-၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် ပါမောက္ခဒေါက်တာအောင်ထွန်းသက်က Promoting Youth Integrity ခေါင်းစဉ်ဖြင့် Youth; Key Investment for Accountability, Youth and Democratic Governance, Youth and Accountability, Culture of Integrity, Capacity Development, Strengthening Youth Integrity စသည်တို့ကို ဆွေးနွေးပို့ချခဲ့ပြီး၊ USAID, PRLM မှ ကျွမ်းကျင်သူ Ms. Heather Goldsmith က အဂတိလိုက်စားမှုနှင့် တရားမျှတမှုရရှိရေး အခွင့်အလမ်း စစ်တမ်းရလဒ်များကိုလည်းကောင်း ဆွေးနွေးပို့ချပါသည်။

 

ဆက်လက်၍ နေ့လယ်ပိုင်းတွင် UNODC မှ Prevention of Corruption & UNCAC Expert Ms. Alma Sedlar က Integrity & Ethics ခေါင်းစဉ်ဖြင့်လည်းကောင်း၊ UNODC မှ Anti-Corruption Programme Manager Mrs. Marie Pegie Cauchois က Good Practices for Youth Campaigning to Counter Corruption and Integrity ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးပို့ချပါသည်။