မွန်ပြည်နယ်၊ ရေးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဒုတိယဦးစီးမှူး(ဦးစီးမှူးတာဝန်) ဦးဝင်းအောင် အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

နေပြည်တော် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ( ၂ )ရက်

+++++++++++++++++

          မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာအုပ်စုတွင် တပ်မတော်မှ ပြန်လည်စွန့်လွှတ် ခဲ့သည့် သိမ်းဆည်းခံလယ်ယာမြေ ကွင်းအမှတ် (၁၁၄၃)၊ ဦးပိုင်အမှတ် (၈/၁၅)၊ (၈/၁၆)၊ (၉/၁၇)၊ (၁၄)၊ (၈)ရှိ လယ်မြေ (၄၅၃)ဧကနှင့်ပတ်သက်၍ မူလလယ်ပိုင်ရှင်များက ပြန်လည်ရရှိရေး အဆင့်ဆင့်တိုင်ကြားခဲ့သည့်အပေါ် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဒုတိယဦးစီးမှူး (ဦးစီးမှူးတာဝန်) ဦးဝင်းအောင်က (၁)ဧကလျှင် (၁)သိန်းနှုန်း ပေးပါက ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း ပြောဆို၍ ငွေကျပ် သိန်း (၅၀) ပေးခဲ့ရသည့်အပေါ် အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ မွန်ပြည်နယ်၊ ရေးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဒုတိယဦးစီးမှူး (ဦးစီးမှူးတာဝန်) ဦးဝင်းအောင်(ယခု ဒုတိယဦးစီးမှူး မော်လမြိုင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန)သည် တပ်မတော်မှ ပြန်လည်စွန့်လွှတ်ခဲ့သည့် ရေးမြို့နယ် အံဒင်ကျေးရွာအုပ်စု၊ ရေပေါ်သောင်ကွင်း၊ ကွင်းအမှတ် (၁၁၄၃)တွင် မူလပိုင်ရှင်များထံမှ ဝယ်ယူခဲ့ကြောင်း စာချုပ်များတင်ပြကာ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ရရှိရေး လျှောက်ထားတင်ပြလာသည့် လယ်ပိုင်ရှင်(၁၄)ဦး ထံမှ ငွေကျပ် သိန်း (၂၀၀) တောင်းခံခဲ့ရာ ပထမအကြိမ် ငွေကျပ် (၂၅) သိန်းနှင့် ဒုတိယအကြိမ် ငွေကျပ် (၂၅) သိန်း စုစုပေါင်း ငွေကျပ် သိန်း (၅၀) ကို လက်ခံရယူခဲ့ခြင်းဖြင့် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မွန်ပြည်နယ်၊ ရေးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဒုတိယဦးစီးမှူး (ဦးစီးမှူးတာဝန်) ဦးဝင်းအောင် အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ မွန်ပြည်နယ်၊ ရေးမြို့မရဲစခန်းတွင် ၂-၁၂-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေးတိုင်ကြား ချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

Same In Category

Related Blogs By Tags